| |
ကရင်ဒေသကောလိပ်ငယ်သူငယ်ချင်းများ
နှင့်ဆရာဦးကြီးမြင့်(ပန်းချီ-ကြီးမြင့်စော)
ခိုင်တဲ့သူခိုင်-ယိုင်တဲ့လူယိုင်
မြင့်တဲ့လူမြင့်-လွင့်တဲ့သူလွင့်
ဝေတဲ့သူဝေ-ကြွေတဲ့လူကြွေ
မင်းလဲမကျယ်နဲ့-နင်လဲမငယ်နဲ့
တို့တွေကြားမှာ-စည်းမခြားဘူး
အားလုံးအနိစ္စ-သင်္ခါရမို့
ခဏဆုံထိုက်-မြင်ရခိုက်မှာ
အဖြူထည်အစ-ငယ်ဘ၀လို
ခဏနေလိုက်ကြရအောင်…..။ |
|
ဆရာဦးကြီးမြင့်(ပန်းချီ-ကြီးမြင့်စော)…သို့
မျက်လုံးတစ်ချက်-ဆေးတစ်စက်နှင့်
ဆေးလိပ်တစ်ဖွာ-၀မ်းတစ်ထွာတို
အာရုံမြင်ချင်-အရုပ်ထင်အောင်
ဈာဉ်ဝင်လှုပ်ရှား-စုတ်ချက်များက
ရင်ထဲထိအောင်-ဆွဲဆောင်နေသည်
ရင်တွင်းအပူများငြိမ်းစေသတည်း…….။ |
|
|
|