စနေနေ့ည 9 : 30 နာရီ.. 5
ကြိမ်မြောက်ဆေးထိုးရန်အာရှတော်ဝင်ဆေးခန်းကို ရောက်ခဲ့ရပါသည်။
ကျနော့်အရှေ့မှာ လူနာတော်တော်များများ
ရှိနေပါသည်။ရေခဲဗူးကိုယ်စီနဲ့ကျနော့်ဘ၀တူတွေ
..
Pegasys ဆေးသည် အအေးခံထားရသောဆေးဖြစ်ပါသည်။ညနေဘက်
ဆေးကုမ္ပဏီမှအိမ်သို့လာပို့ပေး
လေ့ရှိပါသည်။သူတို့လာပေးရင်လည်းရေခဲဗူးနှင့်ထုတ်ထားပေးသည်။ဆရာ့ဆေးခန်းသွားရင်လည်းရေခဲဗူးထဲထည့်
သွားရသည်။သာမန်အပူချိန်မှာထားမိပါက
ဆေးပျက်စီးသွားတတ်သည်။ဆေးပျက်စီးပေမယ့်လည်း
ဘယ်လိုမှမသိနိုင်ပါ။
ထို့ကြောင့် စိတ်ချရသောဆေးကုမ္ပဏီမှသာ
ကျနော်ဝယ်ပါသည်။ပျက်စီးနေသောဆေးကို ထိုးမိပါကအသားနာပြီး
ငွေကုန်တာဘဲရှိမည်။သွေးထဲကစီပိုးကိုမသေစေပါ။
ဒုတိယအကြိမ်မြောက် ဆေးလာထိုးချိန်ကို
ပြန်သတိရမိပါသည်။ကျနော် ရေခဲဗူးကိုင်ရမှာကို ရှက်နေမိသည်။
ကိုယ်မှာစီပိုးရှိနေလို့ လူတွေဝိုင်းကြည့်နေပြီလားလို့
တွေးပြီးပတ်ဝန်းကျင်က မျက်လုံးတွေကိုရင်မဆိုင်ရဲခဲ့ပါ။
နောက်ပိုင်းမှာ
ကိုယ့်ရောဂါပျောက်ကင်းရန်သာ အရေးကြီးသည်ဟု မှတ်ယူပြီး
ပတ်ဝန်းကျင်ကိုလည်း ဂရုမ
စိုက်ဖြစ်တော့ပါ။
6 ကြိမ်မြောက်ဆေးထိုးပြီးတော့
စီပိုးကောင်ရေ RNA
ပြန်စစ်ခိုင်းပါသည်။ပိုးကောင်အဖြေကိုကြည့်ပြီးအောက်
ပါအတိုင်းမှတ်ချက်ပေးမည်ဟု ဆရာကကျနော်တို့ကို အသိပေးခဲ့ပါသည်။
၁။ပိုးကောင်အရေအတွက် စစ်၍မရလျှင်(အရေအတွက် ၁၀၀အောက်) -
အကောင်းဆုံး
၂။ပိုးကောင်အရေအတွက် တစ်ဝက်လျော့လျှင်- ဒုတိယအကောင်းဆုံး
၃။အရေအတွက် မလျှော့ဘဲရှိမြဲတိုင်းရှိနေရင် မကောင်းပါ
ကျနော်နှင့်ဘ၀တူအားလုံး
ဒုတိယအကြိမ်သွေးစစ်ချက်ကို ရင်တမမနှင့်စောင့်နေကြပါသည်။
စင်ကာပူပို့ပြီး စစ်ဆေးရသောကြောင့်
တစ်ပတ်ကြာပါသည်။ဆယ်ရက်ကြာပြီးနောက် အဖြေရလာပါပြီ။
ပိုးကောင်ရေ 239 ကောင်
ကျနော်အရမ်းဝမ်းသာမိပါသည်။
ပထမအကြိမ် ပိုးကောင်ရေလေးသန်း
..
ဒုတိယအကြိမ် ပိုးကောင်ရေ 239
ကောင်(ခြောက်ကြိမ်မြောက်ဆေးထိုးပြီး)
ဆရာလည်းကျနော့်အဖြေကိုကြည့်ပြီး
ကျေနပ်ခဲ့ပါသည်။ဘ၀တူသူငယ်ချင်းအားလုံး အခြေအနေကောင်း
ကြပါသည်။တစ်ယောက်နှင့်တစ်ယောက် ပိုးကောင်ရေချင်းတော
့မတူကြပါ။အားလုံးကောင်ရေ တစ်ထောင်အောက်
သို့လျှော့ကျသွားပါပြီ။ဒါပေမယ့် ကျနော်ဆေးထိုးဘို့ 42
ကြိမ်ကျန်နေသေးသည်။
ကျနော်ဆေးထိုးနေစဉ်အတွင်း ပုံမှန်လေ့ကျင့်ခန်းတစ်ခုအနေဖြင်
့လမ်းလျှောက်စက်ပေါ်လမ်းလျှောက်ဖြစ်
ခဲ့ပါသည်။ဆေးစထိုးပြီး 2 လအတွင်းဆေး၏ဆိုးကျိုးများကို
သိပ်မခံစားခဲ့ရပါ။
8 လုံးမြောက်ဆေးထိုးပြီး 2 လကျော်ကြာသောအခါမှ
ဆေး၏ဆိုးကျိုးများက ကျနော့်ကိုကောင်းကောင်းဒုက္ခ
ပေးပါတော့သည်။
ပထမဆုံးကျနော်ခံတွင်းပျက်လာပါသည်။ဘာကိုမှမစားချင်တော့ပါ။စားလိုက်ပြန်ရင်လည်းအရသာက
သောက်တစ်လွဲ
..ချိုတဲ့အရသာကခါးသလိုဖြစ်နေသည်။ချဉ်တဲ့အရသာကငံသလိုဖြစ်နေသည်။
ခံစားရတဲ့အရသာက ထင်ထားတဲ့အရသာနှင့်တစ်လွဲစီဖြစ်နေသည်။
ကြာလာတော့ အစားအသောက်မစားချင်တော့ပါ၊အစားမစားဖြစ်တော့
ခန္ဓာကိုယ်အားမရှိသလို ဖြစ်လာပါသည်။
ဘာလုပ်လုပ် ပင်ပန်းသလို ထင်နေပါသည်။
ထိုကြောင့်လမ်းလျှောက်စက်ပေါ်တက်ပြီးလမ်းမလျှောက်ဖြစ်တော့ပါ။ပေါင်ချိန်တွေလည်းတဖြေးဖြေးကျ
လာပါသည်။ညနေဘက်မျိုးမှာ ခေါင်းကိုက်တာတွေ ကိုယ်လက်နာတာတွေ
ပိုဖြစ်လာပါသည်။ဗိုက်ဆာနေသောအချိန်
မျိုးမှာ ပိုပြီးဖြစ်တတ်ပါသည်။
ဗိုက်ဆာပေမယ့်လည်းစားလိုက်ရင်အရသာကတစ်လွဲဖြစ်နေသောကြောင့်စားလို့ဘယ်လိုမှမ၀င်ပါ။
ငယ်ငယ်ကအဖွားပြောခဲ့သောပုံပြင်ထဲကပြိတ္တာကိုပြန်ပြီးသတိရစေပါသည်။
ငါ သို့မဟုတ် ပြိတ္တာ
တစ်ကယ်တော့ ဆေးရဲ့ဆိုးကျိုးဟာ ဆေးထိုးတဲ့လူ 30%
လောက်မှာသာဖြစ်တတ်ပါသည်။
ကျနော်ကကံဆိုးစွာနှင့်အဲဒီ 30
%လောက်မှာပါနေတာပါ။ညဘက်အသက်ရှူမ၀သလိုမျိုး အသက်ရှူကျပ်သလို
မျိုးခံစားရပြီးလန့်လန့်နိုးလာတတ်ပါသည်။
တစ်ခါတစ်လေ အ၀တ်နက်ရုံထားတဲ့သွေးတစ္ဆေ ခြောက်လှန့်မှုကြောင့်
လန့်နိုးရတာလည်းမနဲပါ။
အိပ်မပျော်တဲ့ညတွေ၊တစ်ရေးမှမအိပ်ရဘဲမိုးစင်စင်လင်းခဲ့ရတဲ့ည
တွေမှာကျနော့်အတွေးတွေထဲမှာ ကိုယ်ကိုယ်ကို
ပြန်ဒေါသဖြစ်ခဲ့ရပါတယ်။
စိတ်ထဲမှာမကောင်းတဲ့စိတ်တွေလည်း
ရောက်ရောက်လာပါတယ်။တပည့်တော်ကောင်းတဲ့ အလုပ်ကိုလုပ်
ပေးရက်နှင့်ဘာဖြစ်လို့တပည့်တော်ကိုယ်ထဲကို
စီပိုးတွေရောက်လာရတာလဲလို့ ဘုရားသခင်ကိုမေးလိုက်ချင်ပါသည်။
လောကကြီးဟာမတရားဘူး
..ဒဂုံစင်တာအဖြစ်ကိုတွေးမိပြီး
ကိုယ့်ကိုကိုယ်ဒေါသဖြစ်ခဲ့ရပါသည်။
ငါသာဘယ်သူ့ကိုမှ မကူညီခဲ့ရင်
ဒီရောဂါပိုးငါ့သွေးထဲဝင်လာစရာအကြောင်းမရှိဘူး
.တော်ပြီနောက်
ဘယ်သူ့ကိုမှမကူညီတော့ဘူး ဆိုသောစိတ်ရိုင်းတွေလည်း
ခဏခဏ၀င်လာပါသည်။
တစ်ခါတစ်လေလည်း
ကိုယ့်စိတ်ကိုကိုယ်ဖြေလိုက်ပါသည်။ငါကံကောင်းတယ်အကယ်၍များ HIV
သွေးနဲ့များထိ
မိခဲ့ရင် ငါ့ဘ၀တော့သွားပြီ
ပတ်ဝန်းကျင်ကဘာတွေပြောကြမလဲ
.အခုစီပိုးကတော်သေးတယ်လို့
ဖြေလိုက်ပါတယ်။
ဘေးလူတွေ ပြောကြမဲ့စကားသံတွေကို
ကျနော်နားမထောင်ရဲပါ။ကျနော့်ကိုယ်ကျင့်တရားကို
ကျနော်သာသိပါသည်။
ပတ်ဝန်းကျင်ကလူတွေမသိကြပါ။အိပ်မပျော်သောညတစ်ညမှာ
ကိုယ့်ကိုကိုယ် ပြန်ဝေဖန်မိပါသည်။
ဖြစ်ပြီးခဲ့တာတွေပြန်တွေးနေခြင်းသည်ကိုယ့်ကိုကိုယ်ပြန်ဒုက္ခပေးနေသလိုပါဘဲ။လူကောင်းအခြေအနေကိုလည်း
ပြန်မရောက်နိုင်တော့ပါ။ထို့ကြောင့်ကျနော်ဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ချလိုက်ပါသည်။နောက်ဘယ်တော့
မှဒဂုံစင်တာအကြောင်းမတွေးတော့ပါ။ဥနှောက်ထဲမှအပြီးအပိုင်ထုတ်ပြစ်လိုက်ပါတော့သည်။
ဆေး Effect ကိုဆိုးဆိုးရွားရွားခံစားလာရပြီးမှ
ကျနော့်ကိုကျနော် ပြန်စဉ်စားကြည့်မိပါသည်။ဆေးထိုးပြီးနှစ်
လအတွင်းသိပ်ပြီး
ထူးထူးခြားခြားမဖြစ်ပါ။ကျနော့်စိတ်ကိုအလိုလိုက်မိသည်ကကျနော့်အမှား
.
ပုံမှန်လမ်းလျှောက်နေခြင်းဖြင့်
အစားအသောက်မပျက်၊အမြဲအိပ်ပျော်သည်။အစားအသောက်နဲနဲပျက်ချိန်မှာ
ကျနော်လမ်းလျှောက်တာတွေကို ရပ်လိုက်တာမှားသွားတယ်လို့
ထင်ပါတယ်။ကိုယ်လက်လှုပ်ရှားမှုနဲသွားသော
ကြောင့် အစားအသောက် သိပ်မစားဖြစ်တော့သလို အိပ်မပျော်တာတွေလည်း
များလာပါသည်။အိပ်ရေးပျက်သော
ကြောင့်ခေါင်းကိုက်တာတွေ၊ခေါင်းမကြည်တာတွေ၊ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတာတွေဖြစ်လာပါတော့သည်။
ကျနော်တစ်ခု သတိပြုမိပါသည်။အိပ်ပျက်သောည အိပ်မရသောညများ၏
နောက်နေ့တွေမှာဆေး Effect
ပိုပြီးခံစားရပါသည်။ခေါင်းကိုက်၊ကိုယ်လက်နာ၊အစားအသောက်ပျက်ပါသည်။ထို့ကြောင့်ကျနော်
အိပ်ရေးမပျက်
အောင်အိပ်ပျော်အောင် အိပ်ဆေးသောက်ပြီးအိပ်လေ့ရှိပါသည်။
အိပ်ဆေးသောက်ပြီးမှ
အိပ်ပျော်ရသောအဖြစ်ကိုကျနော်မကြိုက်ပါ။ဒါပေမယ့်
မတတ်နိုင်ပါ။အိပ်ပျော်ဘို့သာအဓိက
..
ညဘက်အိပ်ရေးမပျက်အောင် နေနေရသောကြောင့် ကျနော်အခွင့်အရေးတစ်ခု
လက်လွတ်ခဲ့၇ပါသည်။
ကျနော်တို့မိသားစုဝင်အားလုံး မန်ချက်စတာဘောလုံးအသင်း
အဖွဲ့ဝင်များဖြစ်ကြပါသည်။မန်ယူအသင်းကြား
ပွဲကန်သောညများ၊ချန်ပီယံလိဂ်ပြိုင်ပွဲများကို
ကျနော်ကြည့်ရှုအားမပေးနိုင်တော့ပါ။သည်ပွဲတွေကညဘက် 1 နာရီ 2
နာရီလောက်မှသာကန်လေ့ရှိပါသည်။ဘာဘဲဖြစ်ဖြစ်
ဒီနှစ်ပရီးမီးယားလိဂ်မှာရော၊ချန်ပီယံလိဂ်မှာပါမန်ယူအခြေအနေ
ကောင်းနေပါသည်။သိတယ်ဟုတ်
ကျနော်တို့အားလုံးရဲ့မန်ယူ
..
စီပိုးဆေးထိုးနေရသောသူများကိုကျနော်အကြံပြုပါရစေ
..ပုံမှန်လေ့ကျင့်ခန်းတစ်ခုကိုမဖြစ်မနေလုပ်ကြပါ။
စိတ်အလိုလိုက်ပြီးမပျင်းကြပါနဲ့
.ရောဂါကိုသိပ်လေးလေးနက်နက်ထားပြီးမတွေးကြပါနဲ့
ဆေးထိုးလိုက်ရင်
အချိန်တန်ပျောက်သွားမှာပါ။
ကျနော်စီပိုးဆေးထိုးနေစဉ်သုံးလအတွင်းမှာကျနော့်စိတ်ထဲမှာစီပိုးနှင့်ပတ်သက်ပြီးတော်တော်ခံစားခဲ့ရပါသည်။
ဤရက်အတောအတွင်းမှာကျနော့်မှာရင်ဖွင့်စရာလူမရှိခဲ့ပါ။ကျနော့်သူငယ်ချင်းငသေးတစ်ယောက်မြ၀တီပြန်ရောက်နေတယ်။
သူ့ဆီဖုန်းဆက်ရန်မလွယ်။oversea
ခေါ်ရသောကြောင့်ဖုန်းခဈေးကြီးလွန်းသည်။
ကျနော်ခံစားနေရသော ရင်ထဲကဝေဒနာတွေကို အမျိုးသမီးကိုလည်း
မပြောချင်ပါ။ကိုယ်အပူတွေကို သူ့ကိုလည်းမမျှ
ဝေချင်ပါ။သူငယ်ချင်းကကျနော်ပြောတဲ့စကားကိုနားထောင်ပေးသည်။ဘာဘဲဖြစ်ဖြစ်ရင်ထဲကဝေဒနာကိုထုတ်
ပြောခြင်းဖြင့်ရင်ထဲကအပူလျှော့ပါးစေပါသည်။အခုကျနော့်ရင်ထဲမှာအပူတွေများနေပါသည်။
အိပ်မပျော်တဲ့တစ်ညမှာ ကွန်ပြူတာရှေ့ထိုင်ပြီး ရောက်တတ်ရာရာ
လျှောက်ကြည့်မိပါသည်။အမှတ်မထင်
ဝက်ဆိုဒ် တစ်ခုကိုရောက်သွားပါသည်။ www.theboltons.plus.com
ပိုင်ရှင်ဖြစ်သူက Mr. Martin
အသည်းရောင်အသားဝါစီပိုးအကြောင်း တင်ထားသောဝက်ဆိုက်
..
သူကိုယ်တိုင်လည်း genotype one ဖြစ်ခဲ့သူတစ်ယောက်
စီပိုးဖြစ်နေကြသူများဤ၀က်ဆိုက်ကိုကြည့်သင့်သည်။ရှောင်ရန်ဆောင်ရန်၊နောက်ဆုံးပေါ်ကုသနည်းများ
ဆေးများအကြောင်းတင်ပြထားပါသည်။
ပို၍စိတ်ဝင်စားစရာကောင်းသည်ကကျနော်တို့လိုဘ၀တူနိုင်ငံပေါင်းစုံကစီပိုးကုသခံနေသူများရေးသားထား
သောကိုယ်ပိုင်Blog
များဖြစ်ကြပါသည်။တစ်ယောက်စီခံစားနေရသောဝေဒနာတွေကိုရေးပြထားသည်။
ဘ၀တူအချင်းချင်းဝိုင်းပြီး အားပေးနှစ်သိမ့်ကြသည်။သူတို့ Blog
ကိုဖတ်မိပြီး ကျနော်စိတ်ဓါတ်မကျတော့ပါ။
ကျနော့်အသက်အရွယ်၊ကျနော့်အတွေ့အကြုံအရ
စီပိုးအကြောင်းမှမဟုတ်ပါ၊ရင်ထဲမှာရေးစရာအကြောင်းတွေအများ
ကြီးရှိနေပါသည်။ကျနော်လည်းကျနော်ခံစားနေရတာတွေကိုရေးဘို့ဆုံးဖြတ်လိုက်ပါသည်။
အိပ်မပျော်တဲ့ညတွေမှာ ကျနော့်အကြောင်းကျနော်ရေးတော့မည်။
ကျနော့် Blog
ဖြစ်ပေါ်လာရခြင်းမှာလည်းစီပိုးကြောင့်ဟုဝန်ခံပါရစေ
..
အိပ်မပျော်တဲ့ညတိုင်း Martin
ဝက်ဆိုက်ကိုဝင်ကြည့်ဖြစ်ပါသည်။တစ်ညစီပိုးနှင့်ပတ်သက်ပြီး
ခံစားနေရသော
အပူတွေကို Martin
ဆီစာလှမ်းရေးလိုက်ပါသည်။ဘာရည်ရွယ်ချက်မှမပါ။ရင်ထဲကအပူတွေလျှော့သွားစေဖို့ပါ။
ကျနော်အံ့သြရပါသည်။ Martin ဆီကပြန်စာချက်ချင်းရောက်လာပါသည်။
စိတ်ဓါတ်မကျဘို့အားပေးစကားတွေ
ရေးပေးခဲ့ပါသည်။ဒုတိယအကြိမ်စစ်တဲ့ ပိုးကောင်ရေ 239 ကောင်အဖြေ
ကိုလည်းသူအရမ်းကျေနပ်တဲ့အကြောင်း ကုသမှုတွေဟာထိရောက်လာပြီ
ဖြစ်တဲ့အကြောင်း အားပေးစကားပြောခဲ့ပါသည်။
နောက်ရက်တွေနောက်ညတွေမှာလူမျိုးမတူ၊ဘာသာမတူ၊နိုင်ငံမတူတဲ့စီပိုးဝေဒနာသည်တွေကလည်းအား
ပေးနှစ်သိမ့်စာတွေတဖွဲဖွဲရောက်လာပါသည်။ကျနော်အားမငယ်တော့ပါ။
တစ်ကယ်တော့ ကျနော်တို့ဗုဒ္ဓဘာသာဟာ
မေတ္တာကိုအခြေခံထားတဲ့ဘာသာပါ။အဆင့်အတန်းမရွေး လူတိုင်း
ကိုမေတ္တာထားကြဘို့ဗုဒ္ဓဘုရားကညွန်ပြထားပါသည်။
ဒါပေမယ့် ကျနော်တို့ဆီမှာ အားပေးနှစ်သိမ့်ဘို့နေနေသာ
ကျနော့်မှာစီပိုးဖြစ်နေတာသိသွားတဲ့ အသိုင်းအ၀ိုင်း
တွေကျနော်ဆီကိုတောင်မလာကြတော့ပါဘူးဗျာ
လူမျိုးဘာသာမတူတဲ့ သူတွေရဲ့အားပေးနှစ်သိမ့်မှုတွေဟာ
ကျနော့်အတွက်အားဆေးတစ်ခွက်ပါ
..
Thanks Martin
.