Geology
Geologists' Stories
Paying homage to our revered teachers
Geologists' Stories Main »
မပျော်ခဲ့ရသောသင်္ကြန်
အကြိုနေ့ မှာ ၁၄ ကြိမ်မြောက်နှင့် နှစ်ဆန်းသုံးရက်နေ့ တွင် ၁၅ ကြိမ်မြောက်ဆေးထိုးခဲ့ပါသည်။သင်္ကြန်မတိုင်မီ ၁၃ ကြိမ်မြောက်ဆေးထိုးသောနေ့ တွင် ဆရာဦးဝင်းနိုင် သင်္ကြန် ၂ ပတ်တရားစခန်းဝင်မည် ဖြစ်သောကြောင့်အ ဆင်ပြေသောဆေးခန်း သို့ မဟုတ် အာရှတော်ဝင်ဆေးခန်းပြင်ပလူနာဌာနမှာဆေးထိုးနိုင်ကြောင်းကြိုတင်မှာကြား ခဲ့ပါသည်။
အာရှတော်ဝင်နှင့်ကျနော့်အိမ်မှာအရှေ့ နှင့်အနောက်ဖြစ်နေသောကြောင့်အနီးဆုံးလဲဖြစ် အမရဲ့ဆေးခန်း ဖြစ်သော အောင်ရတနာ အထူးကုဆေးခန်းတွင်ပင် ဤနှစ်ကြိမ်လုံးဆေးထိုးခဲ့ပါသည်။ ဆရာဝန်အလုပ်ဆိုသည်မှာ အတော်ခက်သောအလုပ် ဟုကျနော်ထင်ပါသည်။အဘယ်ကြောင့်ဆိုသော် လူနာများနှင့်နေ့စဉ်ထိတွေ့ နေရသောကြောင့်ဖြစ်ပါသည်။ လူနာဆိုသည်မှာ အရှင်းဆုံးပြောရလျှင် လူကောင်းများမဟုတ်ကြပါ။ရောဂါဝေဒနာ တစ်မျိုးမျိုး ကပ်ညှိနေကြ သောသူများဖြစ်သည်။လူနာများနှင့်မနက်မှစ၍ညအထိကြုံတွေ့ ဆက်ဆံနေရသော ဆရာဝန်များသည် ၀ါသနာပါယုံသာ မကစေတနာလဲပါမှရေရှည်လုပ်နိုင်မည်။လူနာများ၏ ငြီးတွားမှုများကို အတော်စိတ်ရှည်သည်းခံနိုင်ရမည်။ ပြင်ပ စီးပွားရေးလုပ်ငန်းရှင်များ နှင့်အတော်ပင် ကွာခြားပါသည်။နိုင်ငံတကာ လုပ်ငန်းရှင် အများစုသည် ပျော်ပျော်နေသေခဲ ထုံးကို နှလုံးမူထားကြသည်ကို ကျနော်ကိုယ်တွေ့ ပင်ဖြစ်ပါသည်။ သင်္ကြန်ပိတ်ရက်အတွင်း တရားစခန်းဝင်ဖြစ်ခဲ့သော ဆရာ့ကိုကျနော် သာဓုခေါ်ပါသည်။တစ်ကြိမ်တခါ တရားမှတ်ပြီး ဝေဒနာကျော်ဖြတ်နိုင်ခဲ့သော ခံစားမှုမျိုးကိုကျနော် ပြန်သတိရမိပါသည်။ ကျနော့်အနီးမှာ စွန်းလွန်းဂူ ၀ိပဿနာကျောင်းတိုက် ရှိနေပါရဲ့နှင့် တရားမထိုင်ဖြစ်သော ကျနော့်ကိုကျနော်လဲ အားမရပါ။ ဒီနှစ်သင်္က်ြန် ဟောင်ကောင် သွားမည့်အစီအစဉ် ဖျက်လိုက်သောကြောင့် ကျနော်တို့ ဘယ်မှမသွားဖြစ်တော့ပါ။ လွန်ခဲ့သော ငါးနှစ် မှစ၍ နှစ်စဉ်နှစ်တိုင်း သင်္ကြန်တွင်း ပြည်ပခရီးများကို ကျနော်တို့ မိသားစုပုံမှန် ခရီးထွက်လေ့ရှိပါသည်။ ဒီနှစ်ကျနော် ဆေးထိုးနေရတာရယ်၊ဖိုးလပြည့် GCE ဖြေရန်စာဖတ်နေတာရယ်၊ကိုဘုတ်တစ်ယောက် စင်ကာပူမှာ စာဖတ်နေတာတွေကြောင့် ဘယ်မှမသွားဖြစ်တော့ပါ။ ကျနော်တို့ ဘယ်မှမသွားဖြစ်သောကြောင့်၊အိမ်ကကျန်လူတွေအားလုံး အိမ်ပြန်ကြပါသည်။အရင်နှစ်တွေမှာ ကျနော်တို့ ခရီးသွားလျှင် သူတို့တွေ အိမ်စောင့်ပေးလေ့ ရှိသည်။ ဖိုးလမင်းတို့ မိသားစု ကော့ကရိတ်နားမှာရှိသော တောင်ကြာအင်းရွာ (အဖွားနေခဲ့သောရွာ) သို့ပြန်ကြသည်။ စုစုနှင့်ဟိန်းလင်းတို့ မောင်နှမ ရခိုင်ပြည်ရမ်းဗြဲသို့ ပြန်ကြသည်။ အိမ်မှာ ကျနော်၊မီးမီး၊တီးတီး၊ဖိုးလပြည့် လေးယောက်ဘဲ ကျန်ခဲ့သည်။ ဆေးခန်းတွင်လည်း ရှေ့ ရောက်နှင့်သောသူများလဲ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ပြီး ထွက်သွား ကြသလို အသစ်၊အသစ်တွေလဲ တစ်ယောက်ပြီးတစ်ယောက် ထပ်ရောက် လာကြပါသည်။ နှုတ်ဆက်ထွက်ခွာ သွားကြသူများအတွက် နောက်ထပ်တစ်ကြိမ် ဤဆေးခန်းကို ဘယ်တော့မှ မရောက်ပါ စေနှင့်တော့လို့ ကျနော်ဆုတောင်းပေးနေပါသည်။ကျနော်ကိုယ်တိုင်လဲ သူတို့တွေနှင့်အခြားတစ်နေရာမှာသာ ပျော်ပျော် ရွှင်ရွှင်ဆုံချင်ပါသည်။ ဤနေရာမျိုး ဤဆေးခန်းမျိုးတွင်တော့ နောက်ထပ်မဆုံပါရစေနဲ့ ။ကျနော်တို့ ကံမကောင်းအကြောင်းမလှ ခဲ့၍ ဤနေရာဤဆေးခန်းတွင် ဆုံခဲ့ကြပြီး ဘ၀တူမိတ်ဆွေတွေဖြစ်ခဲ့ရပါသည်။ကျနော်တို့ အားလုံးအတွက်ကံ ကောင်းသောနေ့ များလဲ ကျန်နေအုံးပါမည်။ ဒီနေ့ စနေနေ့  ၁၆ ကြိမ်မြောက် ဆေးထိုးရပါမည်။ဆေးထိုးတာ လေးလ ရှိပြီပေါ့ … အကယ်၍ ကျနော်သာ Type 2,3 ဖြစ်ခဲ့ရင်ဆေးထိုးရန်အချိန်နှစ်လသာကျန်တော့မည်။ ယခုကျနော် Type 1 အတွက်နောက်ထပ် ၈ လ ကျန်နေသေးသည်။အချိန်တွေကုန်ခဲလိုက်တာ။ ထို့ အပြင် တစ်မျိုးနှင့်တစ်မျိုး မရိုးအောင် မျက်လှည့်ပြနေသလို ပြနေသော ဆေး၏ side effect ကိုလဲ ကျနော်တဖြေးဖြေး လန့် လာပါသည်။ ကျန်နေသော ၈ လအတွင်းဘယ်လို effect မျိုးတွေနှင့်ထပ်ကြုံအုံးမလဲ။ပြီးခဲ့သောလအတွင်းကြုံခဲ့သော ဆေး effect များကို တဖြေးဖြေး ပြန်စဉ်စားမိပါသည်။ rebavirin သောက်ဆေးသည် သွေးအတွင်းမှာရှိသော စီပိုး များ၏ ထွက်ပေါက်များကို ပိတ်ဆို့စေပြီး pegasys ထိုးဆေးက စီပိုးကို တိုက်ခိုက်ပြီး သေစေပါသည်။သွေးထဲမှာ ရှိသော စီပိုးကို လိုက်လံတိုက်ခိုက်ရင်း စီပိုးကုသောဆေးများသည် ကျနော်တို့ ၏ ရိုးတွင်းခြင်ဆီကိုလည်း သွားပြီး ထိခိုက်စေပါသည်။ထိုအခါ ကျနော့်သွေးအတွင်းရှိ သွေးဖြူဥနှင့်သွေးနီဥ တို့ လျော့ကျလာသည်။ သွေးဖြူဥ လျော့ကျလာခြင်းကြောင့် ခန္ဓာကိုယ်ပြင်ပရောဂါများကို ကာကွယ်တိုက်ခိုက်နေသော စွမ်းရည်လျော့ကျ လာသည်။ပြင်ပမှရောဂါများ လွယ်လွယ်ကူကူ ၀င်ရောက်လာနိုင်ပါသည်။ အများအားဖြင့် ချမ်းတုံသော ဝေဒနာကိုပိုပြီး ခံစားရလေ့ရှိသည်။ (တုပ်ကွေးလိုဖျားခြင်းမျိုး) ကိုယ်ခန္ဓာ အလေးချိန် လျော့ကျလာသည်။မျက်စိအမြင်အာရုံ တဖြေးဖြေး ၀ါးလာသည်။မျက်စိပါဝါ တက်လာပါသည်။ နောက်ပြီး လေ့ကျင့်ခန်းများ လုပ်ပါက အမောမခံနိုင်တော့ပါ၊ ကျနော် လမ်းလျှောက်စက်မှာ မလျှောက်ဖြစ်တာ သုံးလလောက် ရှိနေပြီ။ညဘက်ကျလျှင် အိပ်မပျော်ပါ။ ဆရာက ညဘက်အိပ်ပျော်အောင် ကြိုးစားအိပ်ဖို့  မှာထားပါသည်။အိပ်မပျော်ပါက အိပ်ဆေးသောက်၍ အိပ် ရန်လဲ မှာထားသည်။အိပ်ဆေးသောက်မှ အိပ်သောနည်းလမ်းကို ကျနော်မနှစ်သက်ခဲ့ပါ။ အိပ်မပျော်သောညကိုဖြတ်သန်းပြီးနောက်နေ့တွေမှာ…ကျနော်နေမကောင်းတော့ပါ။ခန္ဓာကိုယ်ပင်ပမ်းနေသလိုခံစားရပြီး ခေါင်းလဲအရမ်းကိုက်ပါသည်။ထို့ကြောင့်အိပ်ဆေးကိုမကြိုက်သော်လည်းနေ့ တိုင်းသောက်နေရပါသည်။ မန်ယူ ချန်ပီယံလိဂ် ပွဲစဉ်များကို အားမပေးနိုင်တော့ပါ။ ချန်ပီယံလိဂ် ပွဲများမှာ အလွန်ညဥ့်နက်ပါသည်။အိပ်ပျက်သော ညများ၏ နောက်ရက်များတွင် ခံစားရသော ဝေဒနာများကို ကျနော် မခံစားနိုင်တော့ပါ။ကျနော် နောက်ရက်များမှ မန်ယူပွဲကောင်းများကို ပြန် ကြည့်ပါသည်။ Live လောက်ကြည့်မကောင်းတော့ပါ။မန်ယူ နိုင်သောပွဲများ ဆိုလျှင်ကြည့်ကောင်းနေပါသေးသည်။ ရှုံးသောပွဲများ၊ သရေကျသောပွဲများ ဆိုလျှင် ကျနော်ကြည့်ချင်စိတ်မရှိတော့ပါ။ ဟိုတစ်လောက အဖြစ် တော်တော်ဆိုးပါသည်။တစ်ကိုယ်လုံး အနီကွက်ကြီးများနှင့် ပြည့်နေပါသည်။ထို့ ပြင် အတော်လဲ ယားယံပါသည်။အတော်နေရခက်ပါသည်။ ဆရာလဲ ကျနော်အခြေအနေကို ကြည့်ပြီးဆေးကို ခဏနားသင့်ရင် နားမည်ဖြစ်ကြောင်း ကျနော့်ကို အသိပေး ပါသည်။ကျနော် ဆေးကိုမနားစေချင်ပါ။ကျနော့် ခန္ဓာကိုယ်အတွင်းမှာ ရှိသော စီပိုး ၂၃၉ ကောင်ကို အပြတ်ချေမှုန်း ပစ်ချင်ပါသည်။ဒါပေမယ့် ဆရာညွန်လိုက်သော ဆေးကယားနာကို သက်သာပျောက်ကင်း စေခဲ့သောကြောင့် ကျနော် ကံကောင်းသွားပါသည်။ ဒီတလော ပါးစပ်ပျက်နေသောကြောင့် စိတ်ထဲမှာ စားချင်တာတွေကို အပြင်မှာ လျှောက်စားလေ့ရှိပါသည်။ ထိုအခါ သူတို့ တွေ ချက်ပြုပ်တာတွေ မသန့် လို့ လား၊ကိုယ့်ခန္ဓာကိုယ်က ခံနိုင်ရည်မရှိလို့ လား၊ တစ်ခုခုသော အကြောင်းကြောင်းတွေကြောင့် ၀မ်းလျောဝမ်းပျက် ဝေဒနာခံစားရ ပြန်ပါသည်။အခုဆိုရင် ကိုယ့်စိတ်တွေ ပုံမှန်မဟုတ်တာ ကိုယ့်ကိုယ်ကို ပြန်သတိထားမိ လာပါတယ်။အရာရာကို ပိုပြီးမေ့လျော့လာပါတယ်။ လုပ်မည်ဟု ရည်ရွယ်ထားသော အလုပ်မလုပ်ဖြစ်ဘဲ တခြားလမ်းကြောင်း ပြောင်းသွားတာမျိုးကို ပြောတာပါ။ ဦးတည်ချက်ကို မေ့တာမျိုးဘဲလား၊ ရည်ရွယ်တာတခြား လုပ်တာတခြားအမျိုးမျိုးဖြစ်နေပါသည်။ မျက်လုံးပါဝါလဲ တော်တော်ပြောင်းနေသည်။ကျနော့် ပုံမှန်ဦးနှောက်သည် သင်္ချာကို စိတ်တွက်တွက်လျှင် သူများတွေထက် မြန်လေ့ရှိပါသည်။အခုတော့ ဂဏန်းကိုကြည့်ရင်း အဖြေရှာ မရတော့ပါ။ဂိုဒေါင်လက်ကျန်ကို စစ် လျှင်လည်း ပစ္စည်းအရေအတွက်များကို ချက်ချင်းအဖြေမထွက် ဖြစ်နေတတ်ပါသည်။ ဆံပင်တွေလဲ တော်တော် ကျွတ်ကုန်ပါပြီ။ဦးခေါင်းအရေပြားကို မြင်နေရလောက်အောင် ဆံပင်တော်တော်ပါးသွားပါ သည်။ပါးစပ်ပျက်တာလဲ မကောင်းနိုင်ပါ။တခါတရံ စားစရာအားလုံး အငံအရသာ တစ်ခုဘဲ ခံစားနေရပါသည်။ တခါတရံ ချိုသောအရသာ ရှိသောမုန့် ကိုစားကြည့်လိုက်တော့ ခါးနေသည်။လျှာဖျားက အရသာခံသော အဖုလေးတွေ ဘာတွေဖြစ်ကုန်ပြီလဲ။ပိုပြီိးဆိုးတာက စိတ်ထဲမှာ အလိုမကျမှုတွေ၊အကြောင်းရင်းမရှိဘဲ စိတ်တိုတာတွေ ဖြစ်နေပါသည်။ အရာရာကို ဥပေက္ခာပြုထားသော်လည်း ဘယ်လိုမှ စိတ်ထိမ်း၍မရပါ။ အုတ်နံရံကိုလက်သီးနှင့် ထိုးချင်နေသည်။မှန်တွေကို မင်ရင်ရိုက်ခွဲချင်စိတ်တွေ ပေါ်လာနေသည်။ကျနော် သည်ခေတ်နှင့် အညီလိုက်လျောညီထွေစွာ နေတတ်သူတစ်ဦး ဖြစ်ပါသည်။ယနေ့  IT လောကမှာရှိသော Internet,E.mail Chating တွေနှင့်ရင်းနှီးနေပါသည်။ကျနော်လဲ IT လှိုင်းလုံးကြီးပေါ်မှာ ပျော်ပျော်ကြီး စီးနေသော သူတစ်ဦးဖြစ်ပါသည်။ Internet ကို အရမ်းသဘောကျပါသည်။သိချင်သော အကြောင်းအရာကို ရှာဖွေကြည့်ပါက ကြည့်၍ပင်မကုန်နိုင်ပါ။ သို့ သော် စီပိုးဆေးထိုးသော နောက်ပိုင်းမှာ ကွန်ပျူတာရှေ့ မှာ ကြာရှည်မထိုင်နိုင်တော့ပါ။မျက်လုံးကြာရှည် မကြည့်နိုင်တော့ပါ။ကြာရှည်စွာ ထိုင်မိလျှင်လည်း ခေါင်းကိုက်လာပါသည်။ ကျနော် ၀ါသနာပါသော အလုပ်တစ်ခုကို စွန့် လွှတ်ခဲ့ရပါသည်။ သင်္ကြန်အကြို နှင့်အကျနေ့ များတွင်ဖိုးလပြည့်ဘယ်မှမသွားပါ။စာဖတ်နေပါသည်။ညဘက်ကျူရှင်ဆရာလာပါသည်။ အကျနေ့ နေ့ လည်မှာတော့သူ့ ဆရာအိမ်မှာစာသွားသင်ပါသည်။နေ့ခင်းဖက်စာဖတ်၍ငြီးငွေ့လာသောအခါကျနော်တို့  သားအဖသင်္ကြန်ရေကစားပုံများကိုဗီဒီယိုကင်မရာဖြင့်မှတ်တမ်းတင်ခဲ့ကြပါသည်။ Sony SR 300 HDD 40 GB ဗီဒီယိုကင်မရာသည် ဓါတ်ခဲအား အပြည့်သွင်းထားလျှင် ၂ နာရီ ၃ နာရီ ထိဆက်တိုက် မရပ်ဘဲ ရိုက်နိုင်သည်။နည်းပညာတွေ မြင့်လာသည်။အခွေနှင့် မဟုတ်တော့ပါ ဟဒ်ဒစ်နှင့်ဖြစ်သော ကြောင့် ကြိုက်သလောက်ရိုက်၊ရိုက်၍မကုန်ပါ။ ကျနော့်အိမ်ရှေ့ဝေဇယန္တာလမ်းတစ်ဖက်မှာ” ကိုကိုတို့သင်္ကြန် “ ဆိုသော ရေကစားမဏ္ဍပ်ထွက်သည်။ အကျနေ့ ရောက်တော့ကျနော်တို့ ဝင်းထဲမှလူငယ်များလဲ အားကျမခံ “ပံ” ရေပက်မဏ္ဍပ်တစ်ခု ထပ်ထွက်သည်။ ကျနော်တို့ ရပ်ကွက်ပိုပြီး မြိုင်ဆိုင်လာသလို ရေခံကားများလည်း တိုးတိုးဝှေ့ ဝှေ့ နဲ့ တန်းစီနေကြသည်မှာ အတော်ပင် ရှည်လျားပါသည်။လူငယ်များ ရေပက်နေတာကို ရိုက်လိုက်၊ ရေခံကားများမှ လူများကိုရိုက်လိုက် နှင့်ဖိုးလပြည့်တစ်ယောက် အလုပ်ရှုပ်နေပါသည်။အကြတ်နေ့ရောက်တော့ ဖိုးလပြည့် မနေနိုင်တော့ပါ။ သူငယ်ချင်းများနှင့်အင်းယားလမ်းမှာ ရေသွားပက်ကြပါသည်။ ခလေးနှစ်ယောက်လုံး ရေထွက်ကစားကြတော့ အိမ်မှာကျနော်တို့ ဘဲကျန်ပါတော့သည်။ နောက်ဆုံးရက်မှာတော့ ကျနော်တို့လည်း အိမ်ကိုသော့ခတ်ပြီး မောင်နှမများနှင့် ရေကစားကြသည်များကိုလိုက် ကြည့်ကြပါသည်။ကျနော့်ညီက ကင်မရာနှင့် လိုက်ရိုက်ပေးပါသည်။ ဒီနှစ် ရန်ကုန်သင်္ကြန်မှာ အမျိုးသမီးများ ၀တ်စားဆင်ယင်ကြတာ တော်တော်ကြီး ခေတ်ဆန်နေပါသည်။ မြန်မာစာလုံးများကိုသာ မမြင်ရခဲ့ပါက ကျနော့်စိတ်ထဲမှာ ဖူးခက်ရောက်နေသလား၊ပတ္တရားရောက်နေပြီလားလို့  ထင်မိပါမည်။ နှစ်ဆန်းတစ်ရက် မနက်မှာတော့ လူကြီးတွေပါခေါ်ပြီး ကန်တော်ကြီးမှာ ငါးသွားလွှတ်ကြပါသည်။ “နင့်အသက်တစ်ခါလွှတ် ငါ့အသက်ဆယ်ခါလွှတ်”လို့ စိတ်ထဲမှာ ရွတ်ပြီးငါးများကို လွှတ်ပေးခဲ့ပါသည်။ငယ်ငယ် ကတည်းက အဖွားသင်ပေးတာ နှုတ်ကျိုးနေပြီ။ လူတွေလောဘကြီးလိုက်တာ။ ကျနော်ငယ်ငယ်က အကုသိုလ်များသော အလုပ်ကို တော်တော်လုပ်ခဲ့ပါသည်။ငါးမျှားတာတွေ၊ကွန်ပစ်ပြီး ငါးဖမ်းတာတွေ အရမ်းဝါသနာပါခဲ့ပါသည်။အဖွားက အမြဲဆုံးမလေ့ရှိသော်လည်း အကုသိုလ်နှင့် ပတ်သက်ပြီး သိပ် နားမလည်ခဲ့ပါ။တခါတရံ ကျနော့်အတွေးထဲမှာ ငယ်ငယ်ကပြုခဲ့သော အကုသိုလ်ပြန်ခံနေရသည်ဟု စိတ်ထဲမှာ ထင်နေမိပါသည်။ကျနော် ဆယ်တန်းအောင်ပြီး နောက်ပိုင်းမှာတော့ ငါးဖမ်းသောအလုပ်ကို စွန့်လွတ်ခဲ့ပါသည်။ ကန်တော်ကြီးမှာ ငါးလွတ်ပြီးနောက် ဗိုလ်တထောင်ဘုရားသို့ လာခဲ့ကြသည်။ယတြာများ လုပ်ရန်ဖြစ်ပါ သည်။ကျနော် စိတ်မပါသော်လည်း အမေကလုပ်ပေးချင်နေသောကြောင့် ဘာမှမပြောတော့ပါ။ ကျနော်သည် လက်တွေ့သမားတစ်ဦးဖြစ်ပါသည်။တစ်ကယ်တော့ ဗေဒင်ယတြာတွေကို သိပ်မယုံကြည်ပါ။ ငွေအများအပြားကုန်ကျသော ယတြာမျိုးကို ကျနော်ပို၍ မယုံကြည်ပါ။ ပြီးခဲ့သောနှစ် ဘူမိဗေဒဆရာကန်တော့ပွဲမှာပဲခူးမြတ်သူ(ငှက်ပျောသီး)က ကျနော့်ကိုဗေဒင်တွက်ပေးရင်း ယတြာလုပ်ဖို့ ပြောခဲ့ပါသည်။ နောက်တော့ မေ့မေ့ပျောက်ပျောက်နှင့် မလုပ်ဖြစ်ပါ။သူ့ယတြာကို နှစ်ဆန်းတစ်ရက်နေ့မှာမှ လုပ်ဖြစ်ခဲ့ပါသည်။၊အင်္ဂါသားဖြစ်သော ကျနော့်ကို ဗိုလ်တထောင်ဘုရား သွားခိုင်းသည်။မေမြို့ပန်း ၁၃ပွင့် နှင့်ထီးဖြူ ၁၃ လက် တို့ကို ကြာသပတေးဂြိုလ်တိုင်မှာ သွားလှူခိုင်းပါသည်။ ပြီးရင်လိုရာဆုတောင်းပါတဲ့။ထုံးစံအတိုင်းတစ်ခုတည်းသောဆုကိုကျနော်တောင်းခဲ့ပါသည်။ စီပိုးအမြန်ဆုံးပျောက်ပါရစေ…… နောက်ယတြာတစ်ခုလုပ်ဖို့ကျန်သေးသည်။အမေလုပ်ပေးမည့်ယတြာ… သစ်သားမီးခြစ်ဗူးအတွင်းကျနော့်လက်သည်း၊ခြေသည်း၊ဆံပင် ကျနော့်အင်္ကျီနှင့်ဘောင်းဘီမှအ၀တ်စ သေးသေးလေးတွေထည့်ပါသည်။ပြီးရင်တသွင်သွင်စီးနေသောရန်ကုန်မြစ်အတွင်းသို့ပစ်ထုတ်လိုက်ပါသည်။ ကျနော့်ကိုယ်ပေါ်တွင်ကပ်ငြိနေသောမကောင်းမှုမှန်သမျှဤရေနှင့်အတူမျောပါစေသား………ဟုကျနော်ရေရွတ် လိုက်ပါသည်။ဤယတြာကိုကျနော်တို့မိသားစုအပေါ်တွင်အမြဲစောင့်ရှောက်လေ့ရှိသောကမ္ဗောဇသာလီ ကျောင်းတိုက်မှရှမ်းဘုန်းဘုန်းကစီစဉ်ပေးခြင်းဖြစ်ပါသည်။ ရန်ကုန်မြစ် အတွင်းသို့ နောက်ထပ်ဘေးမဲ့ငါးများ ထပ်လွှတ်ပေးခဲ့ပြန်ပါသည်။သင်္ကြန်နောက်ပိုင်း ရာသီဥတုပို၍ ပူလာပါသည်။မီးလည်းပို၍ ပျက်လာပါသည်။၎င်းအပူဒဏ်ကို ကျနော်တော်တော် ခံစားနေရပါ သည်။စိတ်အလိုမကျတာတွေ၊စိတ်တိုတာတွေ၊အကြောင်းရင်းမရှိဘဲ ဒေါသထွက်တာတွေ အမျိုးမျိုးပါဘဲ။ကိုယ်ရဲ့စိတ်ပုံမှန် မဟုတ်တာ ကိုယ့်ကိုကိုယ်လည်း သိနေပါသည်။အမြဲသတိထားနေရပါသည်။ပုံမှန်လူတစ်ယောက် ပင်လျှင် ရာသီဥတု ပူပြင်းသောအခါ စိတ်တိုပြီး သွေးဆူလေ့ရှိပါသည်။ကျနော်ကဲ့သို့ဆေး effect ၀င်နေသူအတွက် မီးပျက်ပြီး ပူပြင်းသော ရာသီဥတုတွင် အေးအေးချမ်းချမ်း နေရမည့် နေရာရှာမတွေ့ခဲ့ပါ။စိတ်တွေ အရမ်းတိုနေခဲ့ပါသည်။ကျနော် အာတိတ်ဝင်ရိုးစွန်းမှာ သွားနေလျှင် ကောင်းမည်ဟု ထင်ပါသည်။ကျနော့်အိမ်တွင် ကျနော့်ကိုယ်ပိုင်သီးသန့်အခန်းရှိပါသည်။ နံရံအားလုံး အဖြူရောင် သုတ်ထားပါသည်။နိုင်ငံတကာမှ စီးပွားရေးမိတ်ဆွေ၊သူငယ်ချင်းတွေနှင့်အဆက်အသွယ် လုပ်ရန် ကွန်ပျူတာတစ်လုံးရှိပါသည်။ကျနော်ခရီးထွက်တိုင်းယူသွားလေ့ရှိသောlaptopတစ်လုံးလည်းရှိပါသည်။ ထို့ပြင် DVD,LCD TV,5in1 Home theatre အကောင်းစားများလဲ တပ်ဆင်ထားပါသည်။ဤအခန်းမှာ တစ်ယောက်တည်းနေပြီး ပင်ပမ်းသော စိတ်များကို ပြေပျောက်စေခဲ့ပါသည်။တစ်ခါတရံ ကာရာအိုကေဆိုလေ့ ရှိပါသည်။စီပိုးဆေးထိုးပြီနောက်ပိုင်း ကျနော် သီချင်းမဆိုဖြစ်တော့ပါ။သီချင်း ဆိုချင်စိတ်တွေလဲ မရှိတော့ပါ။နံရံပေါ်တွင် ကျနော့်မိသားစု ဓါတ်ပုံများ၊နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ရိုက်ခဲ့သောဓါတ်ပုံများကိုချိတ်ဆွဲထားပါသည်။ထို့ပြင်ကျနော်နှစ်သက်သော ကားမျိုးစုံ၏ မော်ဒယ်အမျိုးမျိုး ဓါတ်ပုံများကို ချိတ်ဆွဲထားပါသည်။ကျနော် ကားရူးတစ်ယောက်ပါ။ဒါပေမယ့် မြန်မာပြည်မှာ ကားရူးဖြစ်ရတာ မတန်ပါ။အဘယ်ကြောင့်ဆိုသော် မြန်မာပြည်သည် ကမ္ဘာပေါ်တွင် ကားဈေးအမြင့်ဆုံးတိုင်းပြည် ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ တစ်ရက် ကျနော် ကိုယ်ပိုင်အခန်းထဲမှာ နေရင်းရိပ်ခနဲ မြင်လိုက်ရသော ကိုယ့်ရုပ်သွင်ကိုမှန်ရှေ့မှာ ရပ်ရင်း ဂရုတစိုက် ပြန်ကြည့်မိပါသည်။ ကျနော့်ခန္ဓာကိုယ် တော်တော်ကျသွားပါသည်။ပုံမှန် ၁၆၈/၁ရ၀ ပေါင်မှာ ရှိသောခန္ဓာကိုယ်မှာ ယခု ၁၅၃ ပေါင်မှမတက်တော့ပါ။ ခါး ၃၄ ဆိုက်ဝတ်ခဲ့သော ဘောင်းဘီများ ယခုဝတ်လိုက်လျှင် ဂွင်းလိုက်ပုံကျ သွားပါသည်။ကျနော့် ခါးဆိုက် ၃၂ လောက် သာရှိမည် ဟုထင်ပါသည်။ကျနော်ကိုယ်ကျနော် ဂရုတစိုက် မှန်မကြည့်ဖြစ်သည်မှာ နှစ်အတော်ကြာခဲ့ပါပြီ။ ကျနော် ဒုတိယအရွယ်မှာ မှန်တွေလဲ သိပ်မလိုတော့ပါ။ဒီနေ့တော့ ဂရုတစိုက် ကိုယ်ကိုကိုယ် ကြည့်မိပါသည်။ ငယ်စဉ်က ထူထူထဲထဲ ရှိခဲ့သော ဆံပင် ယခုတော်တော်ပါးနေပါပြီ။ခေါင်းအရေပြားကို လှမ်းမြင်နေရပြီ။ ထို့ပြင် ဆံပင်ဖြူတွေလဲ များလာနေပါသည်။မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးတွေလဲ ကျိုးတိုးကျဲတဲ ဖြူနေကြပါပြီ။ မျက်နှာပေါ်အရေးကြောင်းတွေလဲ တော်တော်များနေပြီ၊ကျနော်ဒုတိယအရွယ်မှာရှိသော ဒုတိယအရွယ် ၏ရုပ်လက္ခဏာကို ကျေကျေနပ်နပ်နှင့် လက္ခံပါသည်။ဒုတိယအရွယ်မှာ ပထမအရွယ်၏ ရုပ်လက္ခဏာကိုလဲ မလိုချင်ပါ။ နူနယ်ပျိုမြစ်သော ကျောင်းသားအရွယ်ကိုလည်း ပြန်ပြီးမတမ်းတပါ။ အသက်အရွယ် နှင့်ရှိသင့်သော အင်္ဂါရုပ်ကိုသာ ကျနော်လက္ခံပါသည်။ကျနော့်မျက်နှာပေါ်မှ အရေးအကြောင်းများသည် ကျနော့်ဘ၀မှတ်တိုင်များ ပင်ဖြစ်ပါသည်။လောကဓံ၏ ရိုက်ပုတ်သော ဒဏ်၊ကြံ့ကြံ့ခံပြီး တွန်းလှန်ခဲ့သောဒဏ်၊စီးပွားရေးသမား အချင်းချင်း တိုက်ခိုက်ခဲ့ရသောဒဏ်၊ ဒါတွေအားလုံးသည်မျက်နှာပေါ်မှာအရေးအကြောင်းထင်စေခဲ့ပါသည်။ ဆံပင်တွေကိုလဲ ဖြူစေခဲ့ပါသည်။နဖူးကိုလဲ ပြောင်စေခဲ့ပါသည်။ဘယ်အရာမှမမြဲခဲ့ပါ။ မမြဲသောတရားကို လက်ကိုင်ထားပြီး ဒီနေ့ပြောင်းလဲခဲ့ရသော ကျနော့်ရုပ်လက္ခဏာကို ကျေကျေနပ်နပ် လက္ခံခဲ့ပါသည်။ထို့ပြင်ကျနော် ပိုင်ဆိုင်သော ဓနအင်အား၏ ပမာဏကိုလဲ ကျနော့်မျက်နှာပေါ်မှ အရေးအကြောင်းတွေက ဖေါ်ပြပေးနေပါသည်။ မည်သူမဆို အရိပ်ထဲရောက်ဖို့ နေပူကိုတော့ဖြတ်လျှောက်ရဲရပါမည်။ မျက်နှာကိုထပ်ပြီး ကြည့်လိုက်တော့ တစ်ခုခုလိုနေသလို ခံစားရပါသည်။နဲနဲပြောင်ချောချော ဖြစ်နေမလားလို့ စိတ်ထဲ ထင်နေပါသည်။ကျနော် သေသေချာချာ ပြန်ရှာဖွေကြည့်မိပါသည်။တွေ့ပါပြီ၊အရင်က ထူခဲ့သော မျက်ခုံးမွှေးတွေ တစ်ဖက်က ကျွတ်ကုန်ပြီး၊တစ်ဖက်ကတော့ ပုံမှန်အတိုင်း ဘဲရှိနေပါသည်။မျက်ခုံးမွှေး တစ်ဘက်ထဲရှိနေသလိုဖြစ်တော့ ကိုယ့်ကိုကိုယ်ဟာ သရုပ်တစ်ခုလိုပဲ ပြန်မြင်နေမိပါသည်။တဖြေးဖြေး ပြန်ကြည့်နေရင်း ငယ်စဉ်က အကုသိုလ်အလုပ်များဖြစ်သော ငါးဖမ်းခဲ့တာ တွေကို ပြန်သတိရမိပါသည်။သတ္တ၀ါတွေကို သတ်ခဲ့တဲ့လူကြီး….အကုသိုလ်များနေတဲ့လူကြီး… စိတ်ထဲမှ ရေရွတ်ရင်းရွှံ့ စရာကောင်းသော မျက်နှာလို့ထင်မြင်လာပါသည်။နောက်ထပ် စီးပွားရေးလောကမှာ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြတာတွေကိုမြင်ယောင်ပြီး..လူလူချင်းရက်စက်တဲ့လူကြီး…အညှာအတာကင်းမဲ့တဲ့လူကြီး..သွေးအေးသတ္တ၀ါကြီး… ဒဿဂီရိဘီလူး မျက်နှာကြီးကိုမြင်ပြီး ကိုယ်ကိုကိုယ် ပြန်ကြောက်လာပါသည်။ သတ္တ၀ါတွေကို သတ်ခဲ့တဲ့ လူကြီး …. အကုသိုလ်များနေတဲ့လူကြီး … လူလူချင်းရက်စက်တဲ့လူကြီး .. အညှာအတာကင်းမဲ့တဲ့လူကြီး … သွေးအေးသတ္တ၀ါကြီးစိတ်ထဲမှာ အကြိမ်ကြိမ် အဖန်ဖန် ရေရွတ်နေရင်းက ကိုယ့်ရုပ်သွင်သည် ရွှံ့စရာကောင်းလိုက်၊ ကြောက်စရာကောင်းလိုက်၊လန့်စရာကောင်းလိုက် ဝေဒနာ အမျိုးမျိုးကို ခံစားနေရပါသည်။ခန္ဓာကိုယ်မှာလဲဇောချွေးများ ပြန်နေပါသည်။ဒေါသလဲ ထွက်လာပါသည်။ဝမ်းနည်းသောကြောင့် မျက်ရည်တွေလည်း ကျလာပါသည်။အော့နှလုံးနာစရာ ကောင်းသော ကိုယ့်ရုပ်သွင်ကို ပြန်မမြင်ချင်တော့ပါ။နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တော့ ကျနော့်မျက်နှာကို မမြင်ရတော့ပါ။ ဒဿဂီရိ ဘီလူးအစွယ်ကို ဖြဲထားရင်း ကျနော့်ကို စိုက်ကြည့်နေပါသည်။ကျနော့် ဒေါသအထွတ်အထိပ်သို့ ရောက်သွားပါပြီ။ ကျနော့်စိတ်က ဘယ်လိုမှ ထိမ်းမရတော့ပါ။ကျနော့်လက်သီးသည် ဒဿဂီရိဘီလူး မျက်နှာတည့်တည့်ကို ဒိုင်းကနဲ ထိုးချလိုက်ပါသည်။ချွမ်ကနဲ ကွဲကြေသွားသေ&;ါ။ကျနော့်လက်သီးသည် ဒဿဂီရိဘီလူး မျက်နှာတည့်တည့်ကို ဒိုင်းကနဲ ထိုးချလိုက်ပါသည်။ချွမ်ကနဲ ကွဲကြေသွားသော မှန်စများအခန်းတစ်ခုလုံး ပြန့်ကြဲသွားပါသည်။ကျနော့် လက်ခုံ မှာလဲကွဲပြဲကုန်ပြီး သွေးများဖြာ ထွက်ကျလာပါသည်။ကိုယ်လက်ကို ပြန်ကြည့်မိလိုက်တော့ မှန်ကွဲတွေကြောင့်ကွဲပြဲနေ သောဒဏ်ရာကြားမှ သွေးများအဆက်မပြတ် စီးကျနေပါသည်။အသေအချာ ပြန်ကြည့်လိုက်တော့ သွေးများနှင့် အတူစီပိုးတွေလဲ တစ်ကောင်ပြီးတစ်ကောင်အပြင်သို့ ထွက်လာနေကြပါသည်။ ဒီကောင်တွေထွက်လာတာတောင်အေးအေးဆေးဆေးထွက်လာတာမဟုတ်ပါ။တစ်ကောင်ကလက်ပိုက်ပြီးရေလွှာ လျောစီးသလိုမျိုးအိုက်တင်နှင့်၊နောက်တစ်ကောင်ကျတော့နားနှစ်ဘက်မှာလက်ထည့်ပြီးလျှာထုတ်ပြသွားသည်။ နောက်တစ်ကောင်ကျတော့ တာ့တာလုပ်ပြသွားသည်။တစ်ကောင်ပြီးတစ်ကောင် သွေးနှင့်အတူ စီးဆင်းပြီးပုံစံ အမျိုးမျိုးနှင့် ကျနော့်ကို လှောင်ပြောင်ပြီး ထွက်သွားကြသည်။ ကျနော့်ဒေါသ စိတ်မပြေသေးပါ။အခုတစ်ခါ စီပိုးများ လှောင်ပြောင်သောကြောင့် ဒေါသစိတ်တွေပြန်တက်လာပါသည်။ ဆေးတွေဒီလောက်ကုသနေတာတောင်ဒီသတ္တ၀ါတွေကျနော်သွေးထဲမှာဆက်ရှင်နေကြသေးသည်။ အခုလဲတစ်ကောင်ပြီးတစ်ကောင်တန်းစီပြီးထွက်နေကြသည်။အောက်ကိုငုံ့ကြည့်လိုက်တော့ကြမ်းပြင်ပေါ်တွင် မှန်ကွဲစများနှင့်အတူသွေးအိုင်ကြီးဖြစ်လို့နေပါပြီ။သွေးအိုင်ထဲမှာရှိသောစီပိုးထောင်သောင်းများစွာကလဲကျနော့်ကို.. ရီတာပေါ့….ဆိုသည့်သဘောနှင့်ပုံစံအမျိုးမျိုးလှောင်ပြောင်နေကြပါသည်။ ကျနော်ဒေါသနောက်တစ်ခါထွက်ရပြန်ပါသည်။ ခွေးမသားတွေသေပေတော့……သွေးအိုင်ထဲမှာရှိနေကြသောစီပိုးများကိုဖနှောင့်နှင့်နင်းချလိုက်ပါသည်။ ဗြိ ကနဲ..အသံမည်ပြီးသွေးအိုင်ထဲမှသွေးများသည်လည်း…ပက်ကနဲ..နံရံအဖြူအနှံ့အပြားပေါ်တွင်ပေ ကျန်ကုန်ပါတော့သည်။အခန်နံရံလေးဖက်စလုံးကျနော့်သွေးတွေနှင့်စွန်းထင်းပေပွကုန်ပါပြီ။ ဒီခွေးမသားတွေဘယ်မှာလဲ..သေကုန်ကြပြီမဟုတ်လား၊စိတ်ထဲမှာရေရွတ်ရင်းလျှောက်ကြည့်လိုက်တော့နံရံလေး ဖက်စလုံးတွင်သွေးတွေနှင့်အတူတွယ်ကပ်နေကြပြီးပုံစံအမျိုးမျိုးနှင့်ကျနော့်ကိုလှောင်ပြောင်နေကြပြန်ပါသည်။ ကျနော် စိတ်ထိမ်း၍ မရတော့ပါ၊နံရံပေါ်ရှိ စီပိုးများကို လက်ဝါးနှင့် တဖျန်းဖျန်း လိုက်ရိုက် နေမိပါသည်။ ဘယ်လောက်ကြာအောင် ရိုက်နေမိလဲမသိပါ။ အခန်းဖြူဖြူ တစ်ခုလုံးမှာ သွေးစက်များ လက်ဖ၀ါး ရာများနှင့် ပေကျန်ကုန်ပါပြီ။သွေးများ ပိုပြန့်လေ စီပိုးတွေလဲ ပိုများလေပါဘဲ။ နောက်ပြီး ဒီသတ္တ၀ါတွေ အေးအေးဆေးဆေး မနေဘဲလူကိုလည်း လှောင်ပြောင်နေကြသည်။သွေးတွေ၊ချွေးတွေ၊မျက်ရည်တွေ ကြားက ကြည့်လိုက်တော့ တစ်ခန်းလုံးမှာ ပေကျန်နေသောသွေးတွေနှင့် အတူသန်းနှင့် ချီပြီးရှိနေသော စီပိုးများက ကျနော့်အဖြစ်ကိုကြည့်ပြီး ဟားတိုက် ရီမောနေကြပါသည်။လုပ်လိုက်စမ်းပါ၊သတ်လိုက်စမ်းပါ..၊မင်းသတ်လေ ငါတို့က ပိုများလေ…ဟား..ဟား….ဟား.. သူတို့ ဟားတိုက်ပြီး ရီမောသံကျနော် မခံနိုင်တော့ပါ။နားနှစ်ဘက်ကို ပိတ်ပြီးသွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေနှင့် အတူပင်ပန်းနွမ်းလျှစွာ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ချလိုက်မိပါသည်။အခန်းထဲမှာ ကျနော်တစ်ယောက်တည်း ဘယ်လောက်ကြာအောင် သောင်းကျန်းနေလဲမမှတ်မိတော့ပါ။အပြင်ကတစ်ဒုံးဒုံးနှင့် ထုရင်းတံခါးဖွင့်ခိုင်း နေကြသည်။ အဖေ... ဘာဖြစ်နေတာလဲ … တံခါးဖွင့်ပေးပါ.. တံခါးဖွင့်ပါ … မလာကြနဲ့ .. မလာကြနဲ့ … ငါတစ်ယောက်တည်းနေချင်တယ် .. အဖေ.... တံခါးဖွင့်ပေးပါ … အဖေ့ရင်ထဲမှာ ခံစားနေတာတွေကို သားကိုပြောပြပါ .. သား .. နားထောင်ပါ့မယ်…တံခါးအရင်ဖွင့်ပေးပါ..ဟီး..ဟီး..ဟီး..ငိုကြွေးနေရင်းတံခါးဖွင့်ပေးဖို့တောင်းပန်နေသောကျနော့်သား အငယ်ဆုံးဖိုးလပြည့်အသံကိုကြားနေရပါသည်။တစ်သက်လုံး လောကဓံ၏ရိုက်ပုတ်ခဲ့သော ဒဏ်တွေကို ခေါင်းမငုံ့ခဲ့သော ကျနော်လူ့လောကကြီးထဲမှာ ဆက်ပြီးမနေချင်တော့ပါ။ အရှင်ဘုရား တပည့်တော်ကို ဤလောကကြီးထဲမှ အပြီးအပိုင်ထွက်ခွာခွင့်ပေးတော်မူပါဘုရား… ဘ၀သံသရာ၊ရှည်လျှားထွေပြား၊ မနေမနားတစ်သွားတည်းသွားကြမှာ၊ ခရီးပန်းတိုင်၊မရောက်မချင်း တစ်ယောက်ဆင်းတစ်ယောက်တက် ၊ဆက်လက်ထွက်ခွါလာ။ လောဘရယ်..မောဟရယ် .. သောကရယ်၊ အ၀ိဇ္ဇာ.. ပစ္စရာ..သင်္ခါရ ပျော်လိုက် ရွှင်လိုက် ရီခါ ငိုခါ ဘယ်ခါမတည်မြဲ.. ဖေါက်လွဲဖေါက်ပြန်အကြောင်းကံ…ကမ္မတကာ
ADVERTISEMENT
စိတ်ဝင်စားသောနေရာများ
ဘူမိကျောင်းတော်သား..သီချင်း http://www.myanmargeosciences.org http://geolfriends94.blogspot.com http://geolfriends.com ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ.... ဗုဓ္ဒတရားသံများ… ဓမ္မဒူတ… ဒေါက်တာခင်မောင်ဝင်း-အသည်း.. အသည်းရောင်စီပိုးအကြောင်း
Advertisement Enquiry
HP : 09 5031741 e - mail :geologist.mm@gmail.com URl : www.geologist-myanmar.com
© Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio Total Hit :