ဟောဒီက……ပဲပြုပ်.
အေးမြတဲ့ဆောင်းတစ်ညမှာ မီးရောင်စုံစုံ လူအများနှင့်…
သီချင်းကလေးနဲ့စောင်းမြောင်းဆို အသည်းထဲနွေးထွေးသွားရမယ်
စုံတွဲတွေနဲ့လေတကယ် အားကျလို့စောင့်နေခဲ့
သီချင်းလေးတစ်ခေါက်ဆုံးသွားရင်
ပြောစရာတွေတွေးရင်းကိုယ့်အလှည့်ကွယ်
ပြောစရာတွေတွေးရင်းကိုယ့်အလှည့်ကွယ်
ကုံးက ကုံးက ကုံးက သီချင်းသံကြားမှာာကနေမယ်
နှစ်ကိုယ်တူယှဉ်ကာ ကနေ
ကုံးကလမုန်းအကဟာ တောင်ပေါ်ရှမ်းရဲ့ဓလေ့ရိုးရာ…..
အရှေ့သံလွင်မှာ ရိုးရာပွဲတွေတွေ့တိုင်းကွယ်ချစ်စရာ ချစ်စရာ……
ကုံးကလမုန်းအကဟာ တောင်ပေါ်ရှမ်းရဲ့ဓလေ့ရိုးရာ…….
ဧည့်ခန်းမှာဘိုဖြူသီိချင်းကိုကြည့်ပြီးကျနော့်တူမလေးအေးသီတာတစ်ယောက်သီချင်းကိုလည်းလိုက်ဆိုရင်းသီချင်းထဲကရှမ်းမလေးတွေက
သလိုမျိုးလိုက်ပြီးကနေပါတယ်။
ကျနော်လည်းသီချင်းစာသားထဲကလမုန်းအကကိုမြင်ပြီးတော့စိတ်ဝင်စားသွားပါတယ်။လမုန်းအကကိုကျနော်တို့နယ်မှာလမ်းပုံးအကလို့
ခေါ်လေ့ရှိတယ်။ဒီဓလေ့ဟာကျနော်ငယ်ငယ်ကနေခဲ့တဲ့မြို့တွေမှာလည်းရှိခဲ့ပါတယ်။
ကျနော်တို့ရန်ကုန်တက္ကသိုလ်ရောက်တော့မှကျိုင်းတုံကသူငယ်ချင်းတွေပြောပြလို့သူတို့ဆီမှာလည်းလမ်းပုံးအကရှိပါလားလို့သိခဲ့ရတယ်…..
တစ်ကယ်တော့လမ်းပုံးအကဟာရှမ်းရိုးရာဓလေ့တစ်ခုပါ……ပွဲတော်တွေမှာလည်းပါနေကျပါ…..
သောင်ရင်းမြစ်ခြားပြီးမြ၀တီရဲ့ဟိုဘက်မှာယိုးဒယားနိုင်ငံရှိပါတယ်…..ဒါပေမယ့်ကျနော်တို့အားလုံးဟိုဘက်ကလူတွေကို
ရှမ်းလို့ဘဲခေါ်ခဲ့ကြပါတယ်…..။
တစ်ခါသူတို့ကကျနော်တို့
မြန်မာရှမ်းပြည်ဘက်ကရှမ်းတွေကိုရှမ်းကြီးလို့ခေါ်ကြတယ်လို့သိခဲ့ရပြန်ပါတယ်….။
ရေမြေခြင်းထိစပ်နေတော့လူမျိုးချင်းလည်းဆက်နွယ်မှုတွေရှိကြမှာပါ။မြ၀တီမြို့အနီးတစ်ဝိုက်ကျေးရွာတွေမှာအများအားဖြင့်
ရှမ်းတွေနေကြတာများတယ်…။
ဒါကြောင့်မို့ရှမ်းဓလေ့တွေတွေ့နေရတာပါ။လမ်းပုံးအကဟာလည်းရှမ်းဓလေ့တစ်ခုပါဘဲပေါ့......
အဆိုတော်ဘိုဖြူသီချင်းထဲကလမ်းပုံးအကနှင့်ပတ်သက်ခဲ့တဲ့ငယ်ငယ်ကအကြောင်းတွေကိုပြန်သတိရမိစေပါတယ်…..
ကျနော်တို့ကော့ကရိတ်နဲ့ငသေးတို့မြ၀တီဟာ 45
မိုင်လောက်ဘဲဝေးပါတယ်။ဒါပေမယ့်ဒေါနတောင်တန်းကိုကျော်ပြီးသွားရပါတယ်…….
ဟိုအချိန်ကဆယ်ဘီးကားတွေ ၁၂
ဘီးကားတွေ၊ဆိုင်ကယ်တွေလည်းမရှိပါဘူး….လမ်းလည်းသိပ်မကောင်းပါဘူး….ဂျစ်ကားနဲ့လူစီးပြီး
ချက်ပလက်ကားတွေနဲ့ပစ္စည်းတင်ပြီးသွားလာကြပါတယ်….တောင်တက်ခရီးဖြစ်တဲ့အတွက်တစ်နေကုန်အောင်မောင်းနေရပါတယ်…..
တစ်ခါတစ်လေကားပျက်ပြီးလမ်းမှာအိပ်ခဲ့ရတာလည်းမနဲပါ…..
တစ်ခုသောတန်းဆောင်မုန်းလပြည့်နေ့မှာကျနော်၊ငသေးအပါအ၀င်သူငယ်ချင်းအချို့နဲ့မြ၀တီကိုတက်ခဲ့ကြပါတယ်။ကျောင်းပိတ်ရက်ရယ်၊
အဒေါ်တို့ကားကြီးနဲ့ကြုံလို့တက်ဖြစ်ခဲ့တာပါ။
ပစ္စည်းတွေအပြည့်တင်ထားတဲ့ကားကြီးဟာဆင်တစ်ကောင်နဲ့အလားသဏ္ဍန်တူနေပါတယ်။ကျနော်တို့အုပ်စုကဒရိုင်ဘာခေါင်မိုးပေါ်က
စင်မှာထိုင်ပြီးလိုက်ပါလာခဲ့ကြပါတယ်…..ကျနော်တို့ရှစ်တန်းကျောင်းသားဘ၀ဘဲရှိပါသေးတယ်….လူငယ်တွေဆိုတော့အုပ်စုလိုက်သွား
နေရရင်ပျော်နေတာပါဘဲ…..
ဆယ်နာရီလောက်မှကော့ကရိတ်ကစထွက်ဖြစ်ပါတယ်။အင်္ဂလိပ်ခေတ်ကအမဲပစ်ရင်းနားတဲ့နေရာကိုအောက်ဗိုလ်တဲလို့ခေါ်ပါတယ်…..
ဒေါနတောင်အတက်လေးမှာရှိပါတယ်…..ဒေါနတောင်ပေါ်တက်လာပါပြီ…ရေတံခွန်လေးပြီးရင်ရေတံခွန်ကြီး…ရောက်ပြီ….
တောင်ကြားထဲကရေတွေတသွင်သွင်စီးကျနေပါတယ်….အုတ်ကန်နဲ့ရေတွေစုထားပါတယ်……ဟိုခေတ်ကကားတွေရဲ့ရေတိုင်ကီ
မကောင်းတော့ရေတံခွန်ကြီးမှာရေတိုင်ကီရေဖြည့်ရင်းကျနော်တို့ထမင်းစားကြပါတယ်….
အမေ
အိမ်နားကခေါက်ဆွဲဆိုင်ကထမင်းကြော်တွေခေါက်ဆွဲကြော်တွေဝယ်ထည့်ပေးလိုက်ပါသည်။ဟိုအချိန်ကကြွပ်ကြွပ်အိတ်တွေမပေါ်သေးလို့
အင်ဖက်နဲ့ထုတ်ပေးပါတယ်။
ကျနော်တို့အဖို့ထမင်းကြော်တွေခေါက်ဆွဲကြော်တွေကိုစုပြီးစားရတာ
ပျော်ပွဲစားထွက်ရသလိုပါဘဲ…….
အင်ဖက်နံ့မွှေးမွှေးလေးထမင်းကြော်စားရတဲ့အရသာဒီနေ့မှာမရနိုင်တော့ပါဘူး…..ကားအင်ဂျင်လည်းအေးပြီ၊စားလို့လည်းပြီးလောက်ပြီဆိုရင်
ခရီးဆက်ကြတော့မယ်။တောင်တက်ခရီးကစောင့်နေပြီ။သုံးထပ်လမ်း၊တံတောင်ဆစ်ချိုးကွေ့တွေမှာကားလက်ကိုင်တွေမကောင်းလို့လွန်းထိုး
လုပ်နေရပါတယ်။ပစ္စည်းအပြည့်တင်ထားတဲ့
ကားကြီးတွေဟာငယ်သံပါအောင်အော်ငြီးပြီး
ဒေါနတောင်ပေါ်ကိုတရွှေ့ရွှေ့နဲ့တက်နေပါပြီ…..
ဒေါနတောင်တန်းပေါ်မှာတည်ထားတဲ့ဘုရားတစ်ဆူရှိပါတယ်။သက်လွတ်ဘုရားလို့ခေါ်ပါတယ်။သင်္ကြန်ဆိုရင်အမျိုးတွေစုပြီးလာတက်လေ့ရှိပါတယ်…..
ပဒေသရာဇ်ခေတ်ရဲ့ထုံးစံအတိုင်းအင်အားနဲတဲ့မင်းတစ်ပါးထွက်ပြေးပုန်းရှောင်ရင်းဤဒေါနတောင်ထိပ်ရောက်တော့သူ့အသက်လွတ်မြောက်ပြီလို့
ယူဆပြီးဘုရားတည်တယ်လို့လူကြီးတွေပြောသံကြားခဲ့ပါတယ်….
ကျနော်တို့အားလုံးသက်လွတ်ဘုရားကိုကားပေါ်မှဘဲဦးချလိုက်ကြပါတယ်……ကျောက်ကမ်းပါးနဲ့နီးလာပါပြီ…..
တောင်ပေါ်ရောက်တော့ရာသီဥတုကလည်းအေးလာပါတယ်။
ကျနော်တို့ထိုင်တဲ့နေရာကအောက်ကိုကြည့်ရင်လမ်းကိုမမြင်ရဘဲ
ချောက်နက်နက်ကြီးကိုဘဲမြင်ရပါသည်။
ကျောက်ကမ်းပါးဟာလမ်းတော်တော်ကျဉ်းပါတယ်……တစ်ဖက်ကကျောက်တောင်တစ်ဖက်ကချောက်နက်နက်…
အမေတို့အဒေါ်တို့ဆိုရင်ချောက်ဘက်ကိုမကြည့်ရဲကြပါ….ကျနော်လည်းချောက်ဘက်ကိုမကြည့်ရဲပါ။အသည်းထဲအူထဲဘယ်လိုဖြစ်သွားမှန်း
မသိပါဘူး……အသည်းယားတယ်ဆိုတာဒါဘဲဖြစ်မှာပါ။ကျောက်ကမ်းပါးကိုလွန်လာရင်တော့အလယ်ဗိုလ်တဲစခန်းကိုရောက်လာပါပြီ…..
ဒေါနတောင်ထိပ်၊ရာသီဥတုကလည်းမေမြို့လိုရာသီဥတုမျိုး…..
အရင်ခေတ်က ဘိုတွေအပမ်းဖြေတဲ့နေရာတွေပါ…..တောနက်တဲ့အတွက်
ဘိုတွေအမဲပစ်ဘို့အကောင်းဆုံးနေရာလို့ပြောကြပါတယ်……
တောင်ကြောတစ်လျှောက်ကွေ့ပတ်မောင်းနေရင်းတရုတ်ဖြူတောင်ကိုဖြတ်ခဲ့ပါပြီ……
အရင်ခေတ်ကကူမင်တန်စစ်သားတွေဒီနေရာရောက်လာပြီးစခန်းချခဲ့တဲ့အတွက်တရုတ်ဖြူတောင်လို့ခေါ်ကြပါတယ်…..
ကျနော်တို့ဒေါနတောင်အမြင့်ပိုင်းကိုကျော်ခဲ့ပြီ…တဖြေးဖြေးနဲ့ပြန်ဆင်းနေပါပြီ…..တံတားပြောင်တို့၊စင်းဟုတ်တံတားတို့ကိုဖြတ်ရင်းတဖြေးဖြေး
ဆင်းလာနေပါတယ်….စင်းဟုတ်တံတားဆိုတာဟိုအရင်ကန်ထရိုက်တာဦးစင်းဟုတ်ဆောက်ပေးခဲ့လို့စင်းဟုတ်တံတားလို့အမည်တွင်နေတာပါ……
ဦးစင်းဟုတ်ဆိုတာက
ကျနော်တို့ရှစ်တန်းမှာမြန်မာစာသင်ပေးနေတဲ့ဆရာမဒေါ်တင်ညိုသက်တို့အဖေပါ။စုကလိ၊တံတားကျိုးတို့ကိုဖြတ်ပြီးရင်
သင်္ဃန်းညီနောင်ကိုရောက်တော့မည်။စုကလိကွေ့ကကြည့်ရင်ကျနော်တို့အတန်းထဲကရှမ်းလေးတွေနေတဲ့မဲ့ပလက်နဲ့ဝှေ့ရှမ်းရွာတွေကိုလှမ်း
မြင်နိုင်ပါတယ်………
သင်္ဃန်းညီနောင်ဟာ မြ၀တီနဲ့ ကိုး
မိုင်ဘဲဝေးပါတော့တယ်။ရွာကြီးတစ်ရွာဘဲပေါ့။ကျနော်တို့ဒီရွာကိုညီနောင်လို့ခေါ်လေ့ရှိပါတယ်……။
ငယ်ငယ်ကသင်္ဃန်းညီနောင်ဆိုတဲ့နာမည်ဟာနဲနဲဆန်းနေသလိုဘဲ။ဒါပေမဲ့လူကြီးတွေပြောစကားအရမြ၀တီဖက်အထွက်ရွာထိပ်မှာ
အပြိုင်ပေါက်နေတဲ့သင်္ဃန်းပင်ကြီးကိုအစွဲပြုပြီးခေါ်တာလို့သိခဲ့ရပါတယ်…။
ညီနောင်ရောက်ရင်ကျနော်တို့အားလုံးရှမ်းအစားအစာဖြစ်တဲ့ကွတ်တီယိုပြုတ်စားလေ့ရှိပါတယ်….သူငယ်ချင်းအချို့လ္ဘက်ရည်သောက်ကြပါတယ်။
မြ၀တီနဲ့သိပ်မဝေးတော့လို့
သိပ်အရင်မလိုတော့ပါဘူး…..အားလုံးနားနားနေနေပါဘဲ……စားပြီးသောက်ပြီးရင်းခရီးဆက်ကြမယ်…….
ညီနောင်ရောက်ရင်ကျနော်တို့အားလုံးရှမ်းအစားအစာဖြစ်တဲ့ကွတ်တီယိုပြုတ်စားလေ့ရှိပါတယ်….သူငယ်ချင်းအချို့လ္ဘက်ရည်သောက်ကြပါတယ်။
မြ၀တီနဲ့သိပ်မဝေးတော့လို့
သိပ်အရင်မလိုတော့ပါဘူး…..အားလုံးနားနားနေနေပါဘဲ……စားပြီးသောက်ပြီးရင်းခရီးဆက်ကြမယ်…….
တစ်ကယ်တော့ကျနော်တို့မြ၀တီမြို့လေးဟာသမိုင်းရာဇ၀င်ရှိခဲ့ဘူးတဲ့ရှေးဟောင်းမြို့လေးတစ်မြို့ပါ…။အရင်ကမြစန္ဒီဆိုတဲ့မင်းသမီးလေးတစ်ပါး
အုပ်စိုးမင်းလုပ်ခဲ့ဘူးတယ်တဲ့…..။မြစန္ဒီမင်းသမီးလေးကိုအချို့ကမွန်မင်းသမီးတဲ့….
အချို့ကရှမ်းမင်းသမီးလို့ပြောကြတာဘဲ…..။မြ၀တီဆိုတဲ့နာမည်ဖြစ်လာပုံကိုလည်းအမျိုးမျိုးပြောကြတာဘဲ…။
အမရ၀တီလို့ခေါ်ရာကမြ၀တီဖြစ်လာသလိုသောင်ရင်းမြစ်ထဲကမြကျောက်တွေရကြပြီးမြရ၀တီကတဆင့်မြ၀တီဖြစ်လာခဲ့တယ်လို့ရှေးမှီလူကြီးတချို့က
ပြောခဲ့ပါတယ်…။
ကျနော်တို့ငယ်ငယ်ကမြ၀တီမြို့ရိုးရဲ့အုတ်မြို့ရိုးတွေကိုထင်ထင်ရှားရှားတွေ့ခဲ့ရပါတယ်။မြ၀တီမြို့ရဲ့မြို့ရိုးဟာလေးထောင့်စပ်စပ်ဖြစ်ခဲ့လို့ပျူခေတ်
နောက်ပိုင်းမှာတည်တဲ့မြို့လို့ပြောလို့ရပါတယ်…..ပျူခေတ်မတိုင်ခင်ကမြို့ရိုးတွေဟာအ၀ိုင်းတွေဖြစ်ကြပါတယ်…..
ပျူခေတ်မတိုင်ခင်နဲ့နောက်ပိုင်းမြို့ရိုးတွေအကြောင်းကိုဘူမိဗေဒဆရာဖြစ်တဲ့ဆရာဦးသော်တင့်ဆီကသိခဲ့ရတာပါ။ဒီနေ့လူတွေတော်တော်များများက
မြ၀တီမြို့လေးကိုစီးပွားရေးရှာလို့ကောင်းတဲ့နယ်စပ်မြို့လေးအဖြစ်ဘဲသိကြပါတယ်။
ပုံစံအမျိုးမျိုးကျော်ခွပြီးသွားလာနေကြပေမဲ့ရှေးဟောင်းမြို့လေးတစ်မြို့ဖြစ်တာကိုမသိကြပါဘူး…..
ဘာမှမသိကြတဲ့ဧည့်သည်တွေကိုအပြစ်မပြောလိုပါဘူး။ကျနော်တို့နယ်ခံတွေကိုယ်တိုင်ကမေ့မေ့လျော့လျော့နဲ့တန်ဘိုးထားရကောင်းမှန်းမသိကြတာ
အရမ်းဝမ်းနည်းစရာကောင်းပါတယ်…..
လမ်းခရီးနီးပေမယ့်လည်း ကားတွေမကောင်းကြလို့ဟိုဟာပျက်၊ဒီဟာပျက်၊
နှိုက်ရင်းပြင်ရင်းနဲ့သွားနေရတယ်…..
ရှေ့ကကားတစ်စီးစီးပျက်ရင်လမ်းကကျဉ်းတော့နောက်ကကားတွေစောင့်ပေတော့…..ကားကမကောင်းတင်ထားတဲ့ပစ္စည်းများတော့
မြန်မြန်လည်း
မမောင်းနိုင်၊တလှုပ်လှုပ်နဲ့သွားနေကြတာ၊
ဖါးချောင်းရွာရောက်တော့ည ရှစ် နာရီလောက်ရှိနေပါပြီ….
ဖါးချောင်းတံတာားကအရင်ဆောက်လုပ်ရေးတွေဆောက်ထားပေးတဲ့နှစ်ကြောင်းသွားသစ်သားတံတား…
ရှေ့ကကုန်ကားတစ်စီးဝိတ်နဲ့ဖြတ်သွားတာတံတားနိမ့်ဆင်းသွားပါတယ်…..ညကမှောင်နေတာနဲ့ရွာကရွာသားတွေကမဖြတ်ဘို့သတိပေးနေကြပါတယ်…
အဒေါ်တို့ကားဝိတ်တွေများများနဲ့ဖြတ်ဘို့စိတ်မချရတော့ပါဘူး…ဒရိုင်ဘာအညာသားကမနက်မိုးလင်းမှတံတားအခြေအနေကိုကြည့်ပြီးမှ
ဖြတ်တော့မယ်…..ဖါးချောင်းရွာမှာဘဲအိပ်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်…..
လမ်းခရီးမှာဒါမျိုးနဲ့ကြုံတတ်လို့အမေကစောင်တွေထည့်ပေးလိုက်ပါတယ်……ညီနောင်မှာကွတ်တီယိုပြုတ်တွေစားခဲ့လို့ထမင်းမဆာတော့ပါဘူး…..
ဒီညအဖို့ကျနော်တို့ကားအောက်မှာစောင်ပတ်ပြီးအိပ်ရတော့မယ်ထင်တယ်…..ရာသီဥတုကတော်တော်လေးအေးတယ်ဗျာ…
အိပ်ချင်စိတ်လည်းမရှိ၊အေးလို့ကျနော်တို့အားလုံးထိုင်စကားပြောနေကြပါတယ်။
တန်းဆောင်မုန်းလပြည့်ကြီးကထိန်ထိန်သာနေပါတယ်။
ဖြတ်သွားဖြတ်လာလူတော်
တော်များများတွေ့နေရတယ်။နားထဲမှာသီချင်းသံတွေလိုလို၊ဆိုင်းသံလိုလိုလည်းကြားနေရပါတယ်။ကိုယ်နဲ့မရင်းနှီးတဲ့ရွာ
ဖြစ်လို့မစပ်စုတော့ပါဘူး…….
မကြာပါဘူး…ဒရိုင်ဘာအညာသားရောက်လာပါတယ်….
ကောင်လေးတွေ
ဘုန်းကြီးကျောင်းမှာပွဲရှိတယ်….လမ်းပုံးပွဲလည်းရှိတယ်မသွားကြဘူးလား…..
မင်းတို့အိပ်ဘို့နေရာဘုန်းကြီးကျောင်းမှာလုပ်ထားပေးတယ်……
ဒရိုင်ဘာအညာသားကဒီလမ်းခရီးသွားနေကြဆိုတော့ရွာလူကြီးတွေနဲ့သိနေပါတယ်….ရွာလူကြီးတွေကိုအကူအညီတောင်းလိုက်တာပါ……
ကျနော်တို့အားလုံးလမ်းပုံးပွဲရှိတယ်ဆိုတော့မဆိုင်းမတွချက်ချင်းဘဲလိုက်သွားကြပါတယ်။လမ်းပုံးပွဲဆိုတာကသီချင်းတစ်ပုဒ်ကိုတစ်ကျပ်နှုန်းနဲ့
လက်မှတ်ဝယ်ပြီးစင်ပေါ်မှာရှိတဲ့ကောင်မလေးတွေအရှေ့မှာကကြတာပါ….ကိုယ်သဘောကျတဲ့ကောင်မလေးကိုလက်မှတ်ပေးပြီးသူနဲ့မျက်နှာချင်း
ဆိုင်ကကြတာပါ……အသားချင်းထိလို့မရပါဘူး…..
ဘုန်းကြီးကျောင်းဝင်းထဲရောက်တော့မှကျနော်တို့အားလုံးအံ့သြသွားကြပါတယ်။မီးရောင်ထိန်ထိန်လင်းနေတဲ့အောက်မှာကစားဝိုင်းတွေ၊ကစားဝိုင်း
တွေလူတွေလည်းအများကြီးထောင့်တစ်ထောင့်မှာတော့လမ်းပုံးအကစင်ရှိနေပါတယ်….
ဟောင်စီကစားဝိုင်း၊လေးကောင်ဂျင်၊အနီထောင်၊ဖဲဝိုင်းတွေ
ဘာကစားနည်းတွေလည်းကျနော်တို့မသိတာတွေလည်းအများကြီးပါဘဲ…..
လူသံတွေ၊သီချင်းဖွင့်သံတွေ၊နိုင်တဲ့သူတွေအော်လိုက်တဲအသံတွေဆူညံနေတာဘဲ…..အန်စာတုံးပစ်နေတာကြည့်ပြီး……..
ဂျောက်ဂျက်ပူဇနိယပူဇော်ပွဲလို့ခေါ်တယ်ကွ….
ဒရိုင်ဘာအညာသားကအညာလေသံလေးနဲ့အော်ပြောနေပါတယ်….၀ါသနာပါတဲ့သူငယ်ချင်းတွေအလျှိုလျှိုကစားဝိုင်းထဲရောက်ကုန်ကြပါတယ်…..
ကျနော်နဲ့ငသေးနှစ်ယောက်ထဲဘဲဟိုကစားဝိုင်းဝင်ကြည့်ဒီကစားဝိုင်းဝင်ကြည့်နဲ့လျှောက်သွားနေပါတယ်။လူများများမြင်ပြီးကျနော်တို့လည်း
အိပ်ချင်စိတ်မရှိတော့ပါဘူး…..
တစ်ကွင်းလုံးလျှောက်ကြည့်နေရင်းလမ်းပုံကတဲ့စင်နားကိုရောက်သွားပါတယ်…စင်ပေါ်မှာကောင်မလေးအယောက်နှစ်ဆယ်လောက်ကနေကြပါတယ်…
တွဲကတဲ့သူတွေလည်းတစ်သုတ်တက်လိုက်တစ်သုတ်ဆင်းလိုက်ပါဘဲ.မီးရောင်အောက်မှာပါးနီ၊နှုတ်ခမ်းနီဆိုးထားတဲ့ကောင်မလေးတွေအားလုံးလှနေ
သလိုပါဘဲ….ညဥ့်နက်လေပိုအေးလေ….ချမ်းလာပြီ….ငါတို့လမ်းပုံးတက်ကရအောင်…..
ကောင်းတယ်…ဒါမှနွေးသွားမယ်…..
နေအုံး..မင်းဘယ်ကောင်မလေးကြိုက်လဲ…….
ကျနော်တို့တစ်ယောက်စီရွေးလိုက်ကြပြီးလက်မှတ်ဝယ်လိုက်ကြပါသည်။ရှမ်းသီချင်းမြိုင်မြိုင်နဲ့ကျနော်တို့လမ်းပုံးတက်ကနေကြပြီ……
အသားကဖွေးဖွေးဖြူဖြူမှာနှုတ်ခမ်းနီနီနီပါးနီနီလေးနဲ့ကောင်မလေးမီးရောင်စုံတွေအောက်မှာလှချင်တိုင်းလှနေပါတယ်…..အသားဖြူဖြူလေးဆိုတော့
ကရင်လူမျိုးလားလို့မေးလိုက်တာ၊မဟုတ်ဘူးရှမ်းတဲ့…..။
ဖားချောင်းရွာသူ
လားလို့ထပ်မေးကြည့်တော့အနီးအနားရွာကလို့ပြောပါတယ်….
တစ်ကယ်တော့အနီးအနားရွာတွေကအချောအလှမိန်းကလေးတွေဖားချောင်းရွာဘုန်းကြီးကျောင်းပွဲကိုလာကူညီကြတာပါ………
လမ်းပုံးလက်မှတ်ရောင်းရတဲ့ငွေတွေအားလုံးကိုဘုန်းကြီးကျောင်းကိုလှူကြတာပါ။
အစ်ကိုလည်းညီမတို့ကိုကူညီတဲ့အနေနဲ့လက်မှတ်အစောင်သုံးဆယ်ထပ်ဝယ်ထားတယ်……
ရှင်….အစ်ကို လက်မှတ်အစောင်သုံးဆယ်ဆိုရင်
မိုးလင်းသွားမှာ…မလုပ်ပါနဲ့…….
အစ်ကို….ညီမတစ်ယောက်ထဲနဲ့ဘဲကချင်တယ်၊ကခွင့်ပြုပါ…..
လက်မှတ်
ဝယ်ထားရင်တော့ကျမလက်ခံရမှာပါ……ဒါပေမယ့်မနက်မိုးလင်းသွားလိမ့်မယ်……
အစ်ကိုမိုးလင်းတဲ့အထိကမှာဘဲ…..
ကျနော်လက်မှတ်ထပ်ဝယ်တဲ့အချိန်မှာ မနက် ၂ နာရီထိုးတော့မယ်…..
လမ်းပုံးစင်ပေါ်မှာကတဲ့သူတွေနဲသွားလို့
ကောင်မလေးလည်းနဲနဲဘဲကနေပါတယ်…..
ငသေးအိပ်ငိုက်နေပြီ……ကျနော့်ကိုပြန်အိပ်ဘို့ခေါ်နေတယ်…..ကျနော်ကမငိုက်သေးသလိုမွှန်လို့ကောင်းနေဆဲ……နောက်ကျနော့်ကိုခေါ်မရလို့
လမ်းပုံးစင်ဘေးမှာစက်သမားတွေနဲ့သွားပြီးခွေနေပါတယ်…..ကျနော်ကဘာကိုမှသတိမရပါ….
ကောင်မလေးနဲ့စကားပြောရင်းကနေလိုက်တာသတိရလို့လှည့်ကြည့်လိုက်တော့
စင်ပေါ်မှာကျနော်တို့တစ်တွဲဘဲကျန်တော့တယ်…..
သီချင်းဖွင့်ပေးနေတဲ့စက်သမားတွေလည်းသီချင်းတွေဘာတွေရွေးမနေတော့ပါဘူး……ရှမ်းသီချင်းတစ်ခွေဖွင့်ပေးပြီးတော့အိပ်နေကြပြီ.
ကောင်မလေးကတော့ဝတ္တရားအရကနေရပေမယ့်လည်း
သူလည်းအိပ်ချင်နေလောက်ပြီ……
ဒါပေမယ့်ကျနော်လက်မှတ်ဝယ်ထားတော့သူလည်းဆက်ကနေရှာပါတယ်….ဘုန်းကြီးကျောင်းကအုန်းမောင်းခေါက်သံကြားလိုက်ပါတယ်…..
နံနက်လေးနာရီကျော်နေပြီ….ကျနော့်လက်ထဲမှာလက်မှတ်တွေကျန်နေသေးတယ်။ရှမ်းမလေးပြောတာမှန်နေပြီ….မိုးလင်းတော့မယ်ထင်တယ်….
တောင်ယာခုတ်တဲ့သူတွေဈေးသွားဈေးလာလူတွေကိုတွေ့နေရပြီး
ရှမ်းမလေးလည်းလူတွေကိုမြင်ပြီးတော့နဲနဲရှက်လာပါတယ်….
အစ်ကိုကျမတောင်းပန်ပါတယ်…ကျမနားပါရစေ…ဟိုမှပဲပြုတ်သည်တွေတောင်ဈေးရောင်းထွက်နေကြပြီရှင့်…….ကျမပြန်ပါရစေ…
ဒီနေ့ညပြန်လာခဲ့ပါ…..။
ပတ်ဝန်းကျင်ကိုရှက်နေတဲ့ကောင်မလေးကတောင်းတောင်းပန်ပန်စကားနဲ့ရပ်ခိုင်းနေပါတယ်….ကျနော်စင်အောက်ကိုလှမ်းကြည့်လိုက်တော့
အိပ်ရာထခါစဘုန်းကြီးကျောင်းသားတစ်အုပ်မိုးလင်းတဲ့အထိကနေတဲ့ကျနော်တို့ကိုအထူးအဆန်းသတ္တ၀ါတွေအလားစိတ်ဝင်တစားနဲ့
ထိုင်ကြည့်နေကြပါတယ်…..
~ ~ ~
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
မောင်ဂျစ် …မင်းနဲ့ မနန်းအခြေအနေဘယ်လိုလဲ….ကောင်းတယ်မဟုတ်လား……
ငါဘယ်လိုပြောရမှန်းတောင်မသိတော့
ပါဘူး…ဒါပေမယ့်မင်းတို့ထင်သလိုမဟုတ်ဘူး……
ဟာ…မင်းစကားကဘယ်လိုလဲ…….ဒီညနေဘဲဂျဒ်ဆင်ကင်တင်းမှာမင်းတို့နှစ်ယောက်ထိုင်နေတာငါတွေ့ပါတယ်……
မင်းတို့ထင်မယ်ဆိုလည်းထင်စရာ…..ဒါပေမယ့်ငါ့ကိုဘာမှပြတ်ပြတ်သားသားမပြောသေးဘူးကွာ…..
ဟာကွာ…မင်းဒီလောက်ညံ့ရသလား….တစ်နေရာမှာခေါ်ထိုင်ပြီးအတင်းဖက်နမ်းလိုက်ကွာ….
ငသေး….မင်းမပြောခင်ကတည်းကငါ့ခေါင်းထဲမှာရှိပြီးသား……ငါ့အတွင်းစိတ်ကိုသူသိလို့လားမသိဘူး……
ချောင်ကျတဲ့နေရာကိုတခါမှမလိုက်ဘူး….လူမြင်ကွင်းမှာဘဲတွဲနေတာ……
မင်းဟာကလည်း….မစားရအညှော်ခံဘ၀…..
ငသေး…မင်းစကားကနဲနဲခံသာသေးတယ်….ဟို…ခွေးမသားဗျော့ကြီးကိုငါအရမ်းစိတ်ဆိုးတယ်….
ဘာဖြစ်လို့လဲ……
ငါမရှိတဲ့ အချိန်မှာ…..ငါ့အခန်းမှာစာကပ်သွားတယ်…..
မောင်ဂျစ်(ခေါ်) ကောက်ရိုးပုံစောင့်တဲ့ခွေး……လို့ရေးသွားတာ….
ဘေးအခန်းက သာ့ဒ်ရီးယား
ကောင်တွေကကျနော်တို့လည်းဝိုင်းစောင့်ပေးမယ်လို့ငါ့ကိုနောက်နေကြတယ်
မင်းအခြေအနေကောင်းပါတယ်…..မင်းသွားခေါ်ရင်သူလိုက်လာတာဘဲမဟုတ်လား……
ပြောရခက်လိုက်တာကွာ…….
တစ်မြို့တည်းသား ငသေးနဲ့ကျနော်ဒဂုံဆောင်မှာနေပြီး ဘူမိဗေဒ
နောက်ဆုံးနှစ်တက်နေကြပါတယ်။ဒီနှစ်ထဲမှာဥပဒေမှာတက်နေတဲ့မနန်းနဲ့ခင်ခဲ့ကြ
ပါတယ်….ပျော်ပျော်နေတတ်တဲ့
ကျနော်တို့အဖွဲ့နဲ့မနန်းတို့အဖွဲ့တော်တော်ခင်ကြပါတယ်…ဒီလိုနဲ့…တိုင်းရင်းသူလေးမနန်းကိုကျနော်ရင်ဖွင့်ခဲ့ပါတယ်…..
အစအနောက်တွေနဲ့
ဟာသတွေပြောတတ်တဲ့ကျနော့်ကိုမယုံတာလား…..နောက်နေတယ်လို့ဘဲထင်နေတာလား
မပြောတတ်ပါ……
အဖြေတောင်းတော့လည်းတိတိကျကျအဖြေမပေးဘဲနဲ့စကားလျောလျောချတတ်ပါတယ်…..နောက်ပြီးနောက်သလိုလိုနဲ့လုပ်လိုက်တတ်ပါတယ်။
ဒါပေမယ့်
အာစီထဲမှာအားကစားပွဲတွေ၊တီးဝိုင်းတွေရှိလို့သွားခေါ်ရင်
သူလိုက်ခဲ့ပါတယ်…..ကင်တင်း ခေါ်ရင်လည်း မဆိုင်းမတွ
လိုက်ပေးပါတယ်….
တော်တော်စဉ်းစားရခက်ပါလားမနန်းရယ်…..
ခုနကပြောသလိုမျိုးလူရှင်းတဲ့နေရာတွေအတွဲတွေထိုင်တတ်တဲ့နေရာမျိုးမှာထိုင်ကြမယ်လို့ခေါ်ရင်တော့သူကအပါးကြီး…တစ်ခါမှမလိုက်ဘူး……
ဒါကြောင့်မို့
ကျနော့်ဘ၀ဟာငသေးတို့ဗျော့ကြီးတို့ပြောသလိုမျိုး……။ကောက်ရိုးပုံစောင့်တဲ့ခွေး……..မစားရအညှော်ခံဘ၀ပါဘဲ။
ကြည့်လေဒီနေ့ည
ဂျပ်ဆင်ကင်တင်းမှာထိုင်ပြီးအဖြေတောင်းတော့လည်းစကားကိုဟာသ
လုပ်လိုက်တယ်….
ဒီနေ့ည သီရိဆောင်ကိုလာမယ်ပြောတော့
စောင်ပါယူခဲ့တဲ့……..အဆောင်ရှေ့မှာအိပ်ချင်ရင်အိပ်၊ဒီဇင်္ဘာာညချမ်းမှာစိုးလို့စောင်ပါယူခဲ့တဲ့….
ဂစ်တာတော့လာမတီးနဲ့၊အခြားကျောင်းသူတွေအိပ်ပျက်မှာစိုးလို့တဲ့…..
သူ့ကိုတော့မပူနဲ့တဲ့…..ခေါင်းနဲ့ခေါင်းအုံးထိတာနဲ့အိပ်ပျော်တာဘဲတဲ့….နင်လာရင်လည်းငါမသိနိုင်ဘူးတဲ့..
ကြည့်စမ်း….ကြည့်စမ်း….အားပေးတဲ့ပုံ….
ဘာဘဲဖြစ်ဖြစ်ရင်ဖွင့်ရမှာကကျနော့်တာဝန်၊ဒါကြောင့်ငသေးကိုခေါ်ပြီးသီရိဆောင်ကိုရောက်ခဲ့ပါတယ်….မနန်းအခန်းကပထမထပ်ဂျဒ်ဆင်ဖက်က
ဝင်ပေါက်နားလောက်မှာ….၀င်ပေါက်အုတ်ခုံလေးကကျနော်တို့အတွက်ဂစ်တာတီးဖို့အကောင်းဆုံးနေရာ….မနန်းအခန်းကိုလည်းလှမ်းမြင်နေရတယ်….။
ဒီဇင်ဘာညဆောင်းရာသီအအေးဒဏ်ကြောင့်ဂစ်တာလာတီးကြတဲ့ကျောင်းသားတွေနဲနဲဘဲရှိပါတယ်…။
ညဥ့်နက်လာတော့တဖြည်းဖြည်းပျောက်ကုန်ကြပါတယ်….ကျနော်တို့နှစ်ယောက်ဘဲကျန်နေပါတယ်…..
အလုအယက်တီးစရာမလိုတဲ့အတွက်အေးအေးဆေးဆေးဘဲကျနော်တို့နှစ်ယောက်စကားတွေပြောလိုက်သတိရရင်ဂစ်တာကောက်တီးလိုက်၊
ညဥ့်လဲနက်သထက်နက်လာပါပြီ…..ကျနော်တို့တီးနေတဲ့သီချင်းသံကိုမနန်းတစ်ယောက်ကြားရဲ့လား….ဒါမှမဟုတ်ဖင်ထောင်ပြီးအိပ်နေပြီလား
မပြောတတ်ပါ…..ဒါပေမယ့် သူ့အခန်း မီးလင်းနေတယ်…..
ဒီနေ့ညဦးချစ်ဆိုင်မှာထိုင်နေတုန်းက ငသေးနဲ့ကျနော်
မနန်းအကြောင်းပြောဖြစ်ကြသေးတယ်…….
မောင်ဂျစ်….မနန်းအဖြေမြန်မြန်ရအောင်စစ်ဆင်ရေးတစ်ခုလုပ်ဘို့လိုနေပြီ….ဘာစစ်ဆင်ရေးလဲ….
မင်းကုသလို…ပပထူမှထမယ်ဆိုတဲ့ထုံးလေ……ဟာ…ကျောင်းဝင်းထဲမှာ
ငါလှဲမအိပ်ရဲဘူး…..ရှက်စရာကြီး…..
သဘောပြောတာပါ……ဥပမာ အဖြေမရမချင်းမပြန်ဘူးဆိုတာမျိုးပေါ့….
သတိရလို့…ညနေကထိုင်နေတုန်း
မနန်းကိုငါပြောခဲ့တယ်…ဒီညအဖြေမရမချင်းမပြန်ဘူးလို့…..ပြောလိုက်တယ်…..
ဟုတ်လား….သူဘာပြန်ပြောလဲ….စောင်ပါယူခဲ့တဲ့….ဒီဇင်ဘာညအေးလို့….တဲ့…..
မင်းကိုအအေးမိမှာတော့စိုးရိမ်သား………ငါခါတိုင်းနေ့တွေလည်းဒီလိုဘဲပြောခဲ့တာဘဲ…..
ဂစ်တာတီးနေရင်းအိပ်ငိုက်ရင်ပြန်အိပ်တာများနေလို့သူယုံမှာလည်းမဟုတ်တော့ပါဘူး…..
ဟုတ်ပြီ…ဟုတ်ပြီ….ဒီညစစ်ဆင်ရေးမှာငါကူညီမယ်….မိုးလင်းတဲ့အထိနေရအောင်……မထင်ပါဘူးကွာ……
ခုတောင်နှစ်နာရီကျော်နေပြီ….ငါအိပ်ချင်သလိုလိုဘဲ…..မအိပ်နဲ့..မအိပ်နဲ့…ဒီညနောက်ဆုံး
စစ်ဆင်ရေးလို့သတ်မှတ်ပြီး…
ရန်သူ့စခန်းတက်သိမ်းရမယ်….ဖြစ်ပါ့မလားကွာ…..မနန်းအရမ်းအအိပ်ကြီးတာ…..ငါတို့ကဒီမှာကြွေနေ……
သူကအိမ်မက်ထဲမှာတောင်ကြီးပြန်ရောက်နေရင်ငါတို့ရင်ဖွင့်သမျှအလကားဖြစ်ကုန်မယ်…..
မောင်ဂျစ်…မင်းကလည်း
စစ်မရောက်ခင်မျှားကုန်နေပြီ….ဘာဘဲဖြစ်ဖြစ်ဝိရိယအကျိုးတော့ခံစားရမှာပါ….
ကဲ……ကဲ….ဖီးလ်သွင်းပြီးတစ်ပုဒ်လောက်ဟစ်လိုက်ကြရအောင်….
ကုန်လွန်ခဲ့တဲ့ရက်တွေ…နှမြောမိတယ်…..
ကိုယ့်အသည်းလေးတွေ…..ဆွေးကာကျန်ခဲ့မယ်…..
ချစ်သောအနမ်းတွေသတိရနေမယ်…..
ခွဲသွားတော့မယ့်…အလွမ်းပေးသွားမယ့်နန်းရယ်….
ဝေးဝေးသွားမယ့်…..ခွဲသွားတော့မယ့်…
အလွမ်းပေးသွားမယ့်….နန်းရယ်…..
ဟိုမှာတွေ့လား….မနန်းမအိပ်သေးပါဘူးးကွာ…..လာ….နောက်တစ်ပုဒ်ထပ်ဆွဲကြရအောင်…….ငသေးကအပြတ်ကူညီနေပါပြီ….
ဘာဘဲဖြစ်ဖြစ်ဝိရိယအကျိုးပေးခံစားပါရစေအရှင်ဘုရား…..
သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ်ဖီးလ်အပြည့်သွင်းပြီးကျနော်တို့ဟစ်နေကြပါသည်။နာရီတွေကိုကျနော်မကြည့်တော့ပါဘူး…..
ငသေးပြောသလိုမျိုးနောက်ဆုံးစစ်ဆင်ရေးလို့သဘောထားလိုက်ပါပြီ…..
ငသေးအနောက်ကိုလှည့်မကြည့်နဲ့….ဆရာဦးမေတ္တာတို့မိသားစုလမ်းလျှောက်ထွက်လာနေတယ်…..
ကျနော်တို့ဒဂုံဆောင်အဆောင်မှူးဦးမေတ္တာမိသားစုနံနက်စောစောလမ်းလျှောက်ထွက်လာသလိုတက္ကသိုလ်ပရ၀ုဏ်မှာရှိတဲ့ဆရာဆရာမတွေ
ကျန်းမာရေးအတွက်လမ်းလျှောက်နေကြပြီ…..
ကျနော်တို့စစ်ဆင်ရေးကလည်း ဘာမှအဖြေမပေါ်သေးပါ….
ငသေး…အခြေအနေမကောင်းတော့ဘူးထင်တယ်…..
လမ်းလျှောက်နေကြတဲ့ဆရာဆရာမတွေအရှေ့မှာငါမဆိုချင်တော့ဘူးကွာ….ငါရှက်လာပြီ….
အေးပါ…ဒီတစ်ပုဒ်ဆိုပြီးရင်ပြန်ကြတော့မယ်….
ချယ်ရီတွေငိုပြန်ပြီနန်းရယ်….ဆောင်းနှင်းရဲ့အငြိုးတွေကြောင့်ဖြစ်မယ်…..
နှင်းစဲလို့ရောင်နီလာတော့မှ….အငိုတိတ်နိုင်မယ်….
တောင်ပြာတွေငိုပြန်ပြီနန်းရယ်….
မိုးမင်းရဲ့အငြိုးတွေကြောင့်ဖြစ်မယ်…….
မိုးနှောင်းလို့ဟေမန်လာတော့မှ အငိုတတ်နိုင်မယ်….
စိုင်းရင်မှာငိုနေတယ်နန်းရယ်……နန်းလေးရဲ့အမုန်းတွေကြောင့်ဖြစ်မယ်….
နန်းအပြုံးနဲ့ပြန်လာကာချော့မှ…အငိုတိတ်နိုင်မယ်…..
ကျနော်တို့စစ်ဆင်ရေးကတော့ပြီးသွားပါပြီ….မိုးလည်းလင်းလုပြီ….ခါတိုင်းလိုဘဲမရေမရာနဲ့အဆုံးသတ်ပြန်ပြီထင်ပါရဲ့….
နှစ်ကောင်သားအညောင်းဖြေတဲ့အနေနဲ့ကတ္တရာလမ်းပေါ်လဲလျှောင်းလိုက်ကြပါတယ်။ဘယ်လောက်ကြာသွားလဲမသိပါ….
ဟေ့…သူငယ်…ဟေ့…သူငယ်….ရော့…ဒီမှာ…..
သီရိဆောင်ဒရ၀မ်ဦးလေးကြီးလှမ်းခေါ်တော့မှကျနော်တို့သတိပြန်ရလာပါတယ်…ပေးလာတဲ့စာအိပ်ကိုဖွင့်ကြည့်လိုက်ပါတယ်….
မောင်ဂျစ်…..
ပြန်မအိပ်ကြသေးဘူလား….
ပဲပြုပ်သည်တွေဈေးရောင်းတဲ့အချိန်ရောက်နေပြီရှင့်….
ကျမရှင့်တို့လိုဂစ်တာတော့မတီးတတ်ပါဘူး…..ဒါပေမယ့်သီချင်းဆိုတတ်ပါတယ်….
အခု…ကျမဆိုချင်တဲ့စာသားလေးက….
တောင်ပေါ်မြေမှာ ပဲပုပ်စားနိုင်ရင်လိုက်ခဲ့ပါ…..
နန်း
ကျနော်တို့နှစ်ယောက်သားပြိုင်တူဖတ်ပြီးတော့ `အိုကေ´
ဟော…ဟော….နားထောင်….အသံတွေကြားနေရတယ်….ဘာသံလဲ….
ဟောဒီက….ပဲပြုပ်……
|
 |
 |
|
ဥပဒေကျောင်းသူမနန်း..နေခဲ့သောသီရိဆောင်နှင့်ကျနော်တို့ဂစ်တာတီးနေကျအုတ်ခုံလေး…..။
နာဂစ်နောက်ပိုင်းရိုက်ထားသောဓါတ်ပုံများဖြစ်ပါသည်။တချိန်ကကျောင်းသူကျောင်းသားများပျော်ရွှင်ရီမောသံများဖြင့်စီစီညံနေခဲ့သောကျနော်
တို့ကျောင်းဝင်းကြီးသည်ယခုတော့ခြောက်သွေ့တိတ်ဆိတ်လျက်…..။ |