|
နိုင်း...ယန်ဇီ...ဧရာဝတီ...
အီဂျစ်နိုင်ငံသားတိုင်းဟာ နိုင်းမြစ်ကိုချစ်မြတ်နိုးကြတယ်….
နိုင်းမြစ်သာမရှိရင်အီဂျစ်ဆိုတာရှိလာမှာမဟုတ်ဘူးတဲ့…..
ဂေဟစနစ် ပျက် ယွင်း နေတဲ့ ကန္တာရကို နိုင်းမြစ်ကရေသွင်းပြီး
စိုက်ပျိုးရေး အောင်မြင်အောင် ကျိုးစားခဲ့ကြတယ်….
သမ္မတကြီး နာဆာ လက်ထက် ရောက်တော့ နိုင်းမြစ်ကိုရေကာတာဆောက်ပြီး
ရေအားလျှပ်စစ်တွေထုတ်ခဲ့ကြတယ်….
Aswan ရေကာတာ နဲ့ High Dan ရေကာတာ တွေဟာ
အလွန်ကြီးမားတဲ့ရေကာတာတွေဖြစ်ပါတယ်……
လျှပ်စစ်ကီလိုဝပ်များစွာကို ထုတ်လုပ်ခဲ့ကြတယ်….
သူတို့တိုင်းပြည်က ရေနံ ကြွယ်ဝတဲ့ တိုင်းပြည်ပါ။
ဒါပေမယ့် ရေအားလျှပ်စစ်က စရိတ် သက်သာပြီး ရေနံက ဈေးကောင်းခဲ့လို့
ရေနံကိုရောင်းစားပြီး ရေအားလျှပ်စစ်နဲ့ ပြည်တွင်း လိုအပ်ချက်
တွေကိုဖြည့်ပေးခဲ့တယ်။
နိုင်းမြစ်တစ်လျှောက်ရေကာတာကြီးတွေ
တစ်ခုပြီးတစ်ခုဆောက်နေခဲ့ကြတယ်….. ကြာလာတော့သဘာဝပတ်ဝန်းကျင်တွေ
ယိုယွင်း ပျက်စီးလာခဲ့တယ်…… မြစ်ဝှမ်းမှာဝင်လာတဲ့
ရေငံနှုန်းဟာများသထက်များလာပါတယ်…. မြို့တော်ကိုင်ရိုနားမှာ
ဖြတ်စီးသွားတဲ့ နိုင်းမြစ်ကြီးဟာ အံ့သြဖွယ်ရာ
ချောင်းသာသာလောက်ဘဲကျန်ပါတော့တယ်။နိုင်းမြစ်ပေါ်မှာရေကာတာကြီးတွေဆောက်လုပ်ခဲ့တဲ့အတွက်
အကျိုးရှိခဲ့သလို သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းဆိုတဲ့
ဆိုးကျိုးတွေလည်း ခံစားခဲ့ရပါတယ်….။
ခုဆိုရင် နိုင်းမြစ်ကြီးဟာ တဖြေးဖြေးနဲ့ တိမ်ကောလာနေပါပြီ….
ဒါပေမယ့် ရေအရင်းအမြစ်ရှားပါးတဲ့နိုင်ငံ ၊ သဲကန္တာရရာသီဥတုမှာ
နိုင်းမြစ်ကိုရေကာတာဆောက်ပြီး
ရေအားလျှပ်စစ်ထုတ်၊ရေသွင်းစိုက်ပျိုးရေးလုပ်တာဟာလုပ်သင့်တယ်လို့ဘဲ
ထင်မိပါတယ်…..
နောက်ပြီးသူတို့အစိုးရက ပြည်သူတွေကောင်းစားအောင် လုပ်ပေးတဲ့အတွက်
ကောင်းမွေ၊ဆိုးမွေတွေ ခံစားရတာ တန်ပါတယ်လို့ အီဂျစ်နိုင်ငံသား
တစ်ယောက် ပြောပြခဲ့ပါတယ်၊ (လက်ရှိအီဂျစ်အခြေအနေကို
ပြောခြင်းမဟုတ်ပါ၊ သမ္မတ နာဆာ လက်ထက်ကို ပြောခြင်း ဖြစ်ပါတယ်)
တရုတ်ပြည်ဟာသဘာဝပတ်ဝန်းကျင်ပညာရှင်တွေတားဆီးနေတဲ့ကြားကယန်ဇီမြစ်မှာရေကာတာတွေဆောက်ခဲ့ကြတယ်။
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ထိ တရုတ်ပြည်ဟာ
လက်မထောင်ပြီးဂုဏ်ယူနေခဲ့ကြသေးတယ်……
ဒီနေ့တော့ တရုတ်ပြည်လက်မ၊ မထောင်ရဲတော့ပါဘူး…. လူသန်းပေါင်းများစွာ
သဘာဝဘေးပတ်ဝန်းကျင်ပျက်စီးမှုဒဏ်ကို
ဆိုးဆိုးရွားရွား ခံစားနေရပါပြီ…..
မြစ်တွေပိတ်ပြီး ဆောက်ခဲ့တဲ့ ရေကာတာတွေရဲ့
ဆိုးကျိုးတွေတစ်ခုပြီးတစ်ခု၊ ခံစားနေရတဲ့ ပြည်သူတွေရဲ့ အသံတွေဟာ
ကျယ်လောင်လာပါပြီ…….။ တရုတ်အစိုးရဟာ ဆောက်ခဲ့တဲ့ ရေကာတာကြီးတွေက
ရေအားလျှပ်စစ် ထုတ်ယူပြီး စက်မှုစွမ်းအား မြှင့်တင် ပေးခဲ့ပါတယ်….
သန်းပေါင်းများစွာသော ပြည်သူတွေအတွက် အလုပ်အကိုင်
ဖန်တီးပေးခဲ့တယ်….။ ဒါကြောင့်လဲ တရုတ်ပြည်ဟာ စီးပွားရေးမှာ
ထိပ်ရောက်လာခဲ့ပါတယ်…… တရုတ်အစိုးရလုပ်ခဲ့တာတွေ ဟာသူ့ပြည်သူတွေ
အတွက်ဘဲ ဖြစ်ပါတယ်……
သူလုပ်ခဲ့တဲ့ဒဏ်တွေကို သူပြန်ခံစားနေရပါပြီ…..မြစ်တွေ
ခြောက်သွေ့ပြီး ရေအရင်းအမြစ် ရှားလာပါပြီ။ စိုက်ပျိုးမြေတွေ
ပျက်စီးလာနေပြီ၊ တောင်သူတွေ စီးပွားရေး ကြပ်တည်းလာပြီ……
တရုတ်ပြည်ထဲမှာ တရုတ်ပြည်သူတွေ သူတို့ အစိုးရလုပ်ခဲ့တဲ့
ကောင်းမွေဆိုးမွေတွေ ပြန်ခံစား နေရပြီ….. ကျနော်တို့နဲ့
မဆိုင်သော်လည်း ထိုင်ကြည့်နေ၍ မဖြစ်ပါ။မမှားသင့်တာ မမှားရအောင်
သင်ခန်းစာ ယူတတ်ရမယ်။
ဘေးအိမ်မှာ ဖြစ်နေတာတွေကို ကြည့်ပြီး ရှောင်သင့်တာကို
ရှောင်ရပါမယ်……..။ ကဲ …. အခုလာပြီ ….. ကျနော်တို့ရဲ့ဧရာဝတီ ……
ကျနော်တို့ရဲ့ ဧရာဝတီဟာ နုနုထွတ်ထွတ် အပျိုစင်ကောင်မလေး တစ်ယောက်။
အခုတရုတ်ကြီးနဲ့ ပေးစားတော့မယ်….. ဒီတရုတ်ကြီး တွေဟာ
စီးပွားရေးအရမ်းသောင်းကျန်းတယ်၊
အာဏာရှင်ချုပ်ကိုင်ထားတဲ့နိုင်ငံတွေနဲ့ အရမ်းတည့်တယ်…..။
လူတစ်စုကိုထိမ်းထားရုံနဲ့ သန်းပေါင်းများစွာပြည်သူတွေရဲ့
အသံမထွက်လာနိုင်အောင်လုပ်တဲ့နည်း အရမ်းကျွမ်းတယ်….ဧရာဝတီ အတွက်
ကျနော်ရင်လေးတယ်၊တရုတ်ကတစ်ယောက်တည်းဆော်မှာမဟုတ်ဘူး။
သန်းပေါင်းများစွာသော တရုတ်တွေဝိုင်းဆော်ကြမှာ ….. ဧရာဝတီ
ဘယ်လောက်ကြာကြာ ခံနိုင်မလဲ…..
မနှိုင်းကောင်း နှိုင်းကောင်း ဥပမာတစ်ခုနဲ့ နှိုင်းပါရစေ ……. မိဘကို
လုပ်ကျွေးနေတဲ့ ပြည့်တန်ဆာမလေး တစ်ယောက်၊ ဒီအလုပ်ကို
ဘယ်လောက်ကြာကြာလုပ်နိုင်မှာလဲ…. တစ်ချိန်ချိန်မှာတော့ A
ကိုက်မှာဘဲ…… AIDS ရောဂါနဲ့ ပြန်ရောက်လာတဲ့ သမီးကို ဘယ်မိဘက
မောင်းထုတ်ရက်မလဲ။ ဒီရောဂါသည်သမီးလေးအတွက်
မိသားစုမှာတာဝန်ပိုပိလာပြီ။ သူလုပ်ကျွေးခဲ့တာနဲ့
အခုဝန်ထုပ်ဝန်ပိုးနဲ့ တန်ရဲ့လား……
ဒီလိုဘဲတရုတ်ကြီး ဆော်ထဲ့လိုက်လို့ ဖွတ်ဖွတ်ကျေသွားတဲ့
ညီမဧရာဝတီဟာအမိမြေကိုဘဲ ပြန်ရောက်လာမှာဘဲ။ ပြန်ရောက်လာမဲ့
ဧရာဝတီညီမလေးရဲ့ တာဝန်ဟာခင်ဗျားတို့၊ကျနော်တို့အပေါ်
ရောက်လာမှာမလွဲဘူး…… ဧရာဝတီရဲ့ အသွေးအသားကို ၀ါးမျိုသွားတဲ့
တရုတ်ကြီးက ပြန်လှည့်ကြည့်မှာ မဟုတ်တော့ဘူး… သူအနေသာကြီး၊
မြန်မာပြည်ဟာ သူ့တိုင်းပြည်မဟုတ်။ သူ ဖုတ်ဖက်ခါပြီး
ထသွားတော့မယ်….။
နိုင်းမြစ်၊ယန်ဇီမြစ်လိုမျိုးအဆီစား၊ အသားစားပြီး
အရိုးစူးတာခံသာသေးတယ်…… အခု ကျနော်တို့ ဧရာဝတီက အဆီနဲ့ အသားကို
တရုတ်ကြီးစားပြီး အရိုးကိုကျနော်တို့ကိုကိုက်ခိုင်းတယ်။
လည်ပင်းမှာအရိုးစူးပြီး AIDS ရောဂါသည် ညီမလေးရဲ့ မသာအိမ်တော့
အဖြစ်မခံနိုင်ပါဘူးဗျာ…..
Story by – Saw Andrew
SAVE THE IRRAWADDY
|