|
ကျနော်တို့နှစ်တွေတုန်းကကွင်းဆင်းရင်ရှမ်းပြည်တောင်ပိုင်းဖက်ကိုကွင်းဆင်းလေ့ရှိပါတယ်။ရှမ်းပြည်တောင်ပိုင်းကို
နှစ်တိုင်းကွင်းဆင်းရတော့ ကလော၊ အောင်ပန်း၊ပင်းတယ၊တောင်ကြီးမြို့
တွေဟာလည်းကျနော်တို့နဲ့ရင်းနှီးလာပါတယ်။ဘူမိဗေဒဟာကျနော်တို့ဘ၀ရဲ့အစိပ်အပိုင်းတစ်ခုအဖြစ်ပြောလို့ရရင်
ရှမ်းပြည်တောင်ပိုင်းဟာလည်းကျနော်တို့ဘ၀ရဲ့အပိုင်းအစတွေအဖြစ်ပြောလို့ရပါတယ်။ငယ်ငယ်ကရပ်ကွက်ထဲမှာမီးပုံးပျံအတူတူလွတ်ခဲ့ကြတဲ့သူငယ်ချင်း
တစ်ယောက်ကသူတို့ရွာမှာမီးပုံးပျံတွေမရှိဘူးတဲ့…။တစ်အိမ်နဲ့တစ်အိမ်…ခရစ်စမတ်သစ်ပင်ကြီးတွေအပြိုင်အဆိုင်ဝယ်ပြီးမီးရောင်စုံထိန်ငြီးနေအောင်ထွန်း
ထားတာတွေမြင်ရင်ငယ်ငယ်ကသီတင်းကျွတ်၊တန်ဆောင်တိုင်မီးထွန်းပွဲကိုအရမ်းသတိရတယ်တဲ့…..။သူတစ်ခါမှမရောက်ဖူးခဲ့တဲ့၊
ရောက်ဖို့လည်းမရှိ
တော့တဲ့တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံလွတ်တာမြင်ချင်လိုက်တာလို့လွမ်းလွမ်းဆွတ်ဆွတ်
နဲ့ပြောခဲ့တာပြန်ကြားယောင်မိပြီး၂၀၀၉ တောင်ကြီး
တန်ဆောင်တိုင်မီးပုံးပျံဓါတ်ပုံတွေကိုအလွမ်းပြေကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်။
ဓါတ်ပုံတွေကိုကူညီပေးခဲ့တဲ့ ဗုံဗုံ( I.L.B.C ) တောင်ကြီးကို
အထူးကျေးဇူးတင်လျက်…….။
|