|
ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနကို ပထမဦးဆုံး
စတင်တည်ထောင်ခဲ့သူ ဆရာကြီး၊ ဒေါက်တာသာလှ၏ ဥယျောဇဉ်
၁၉၈၀ ပြည့်နှစ်၊
ဘူမိဗေဒကျောင်းသားများကဆရာကို ယနေ့ ၁၀-၆-၉၉ နေ့တွင် လာပြီး
ကျောင်းသားဟောင်းများ၏ အာစရိယပူဇော်ပွဲအတွက် လာဖိတ်၍ ဆရာ
အနေနဲ့ များစွာ ၀မ်းသာပီတိဖြစ်ရပါတယ်။
ဒီတပည့်များကို ဆရာက ဆရာမဒေါက်တာရင်ရင်နွယ် ကိုယ်စားတစ်နှစ်
အတွက် စာသင်ကြားပေးခဲ့ပါတယ်၊ ဒါကလည်း ဆရာနဲ့
တပည့်တိုရဲ့ထူးထူးခြားခြားတွေ့ မှုပါဘဲ၊ အဲဒီလို တွေ့ဆုံမှုကို
ယခုအချိန်မှာ ပြန်မတွေ့နိုင်တဲ့ အခြေအနေမှ ယခုလို ပြန်တွေ့
ရတဲ့အတွက် ဆရာဝမ်းသာပါတယ်။
ဆရာအနေနဲ့ ပြောချင်တာတစ်ခုက တက္ကသိုလ်ပညာဆိုတာ ကျောင်းသား၊
ကျောင်းသူများ ကျောင်းလာ၊ အတန်းတက်၊စာကျက်၊
စာမေးပွဲအောင်သွားတာဟာ တက္ကသိုလ် ပညာရဲ့ အဓိကရည်ရွယ်ချက်
မဟုတ်ဘူး (၁)ကျောင်းသား ကျောင်းသူ များအချင်းချင်း
တက္ကသိုလ်မှာဆုံတွေ့ပြီး ခင်မင်မှု ရင်းနှီးမှု တွေ့ရှိပြီး
အသိပညာများအချင်းချင်း ဖလှယ်ကြဘို့ (၂) ဆရာ၊ ဆရာမများနဲ့
ကျောင်းသား ကျောင်းသူများအချင်းချင်း တက္ကသိုလ်မှာ ဆုံတွေ့ပြီး
ခင်မင်မှုနဲ့ကျောင်းသား ကျောင်းသူများ တွေ့ဆုံးပြီး
ဆရာ၊ဆရာမများထံမှ အသိပညာများ အမွေဆက်ခံ ယူပြီး ဆရာကျောင်းသား
ခင်မင်ရီးနှီးစွာ တွေ့ဆုံကြဘို့အတွက် တယ်။၎င်းကိစ္စ(၂)ခုဟာ
အနောက်နိုင်ငံကမ္ဘာ့ တက္ကသိုလ်များမှာ အရေးကြီးဆုံး၊ ဆိုတာကို
တွေ့ရ တယ် ဒါကြောင့် ခင်မင်ရီးနှီးမှုဖြစ်ဖို့သာ အဓိက
ဖြစ်ပါတယ်။
နောက်တစ်ခု ဆရာပြေချင်တာရှိပါတယ်၊ အဲဒါက ဘူမိဗေဒစိတ်ဓတ်ကို
စတင် ပျိုးထောင်ပေးခဲ့ကြသည့် ၁၉၄၆ ခုနှစ်ပထမဆုံး
ဘူမိဗေဒကျောင်းသားဟောင်း ကြီးများ ဖြစ် ခဲ့ကြသော ဒေါက်တာညီညီ
(အဝေးရောက်)၊ ဦးဘသန်းဟက်၊ ဦးစီးသက်ပေါတို့ အမှူးပြု၍
ထိုမှတဖန် အစဉ်အဆက် ဆရာကြီး၊ဆရာမကြီးများမှ ဆက်လက်ပြီး
မိသားစုစိတ်ဓတ်ကို ရှင်သန်အောင် ပျိုးထောင်ပေးခဲ့ကြသည်ကို
ဆရာကြီးမှ အထူးကျေးဇူးတင်ပါသည်။
ဤကဲ့သိုပင် နောင်မျိုးဆက်သစ် ဘူမိဗေဒ ကျောင်းသားများကိုလည်း
အစဉ် အဆက် မိသားစု
စိတ်ဓတ်ရှင်သန်နေစေ၍ပြုစုပျိုးထောင်ထိန်းသိမ်းသွားကြပါဟု
ဆရာကြီးမှ တိုက်တွန်းမှာကြားလိုက်ပါသည်။
ဆရာကြီးဒေါက်တာသာလှ
၁၉၉၉ခုနှစ်၊ ဇွန်လ (၁၀)ရက်၊ ရန်ကုန်မြို့။
|
(၁၉၈၀) ခုနှစ် ဘူမိဗေဒ၊ ကျောင်းသားဟောင်းများ၏အာစရိယ ပူဇော်ပွဲ
(၂၀-၆-၉၉)အတွက် ဘူမိဗေဒပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သောဆရာကြီး
ဦးဘသန်းဟက်၏ဥယျောဇဉ်
တပည့်တို့ဟာ ဘူမိဗေဒသိပ္ပံဘွဲ့ကို
သင်ကြားအောင်မြင်ခဲ့သော နှစ်ပေါင်း(၁၉)နှစ်ရှိကြပါပြီ၊
ကာယ-ဥာဏ-သက်တမ်း၊ ကျန်းမာရေး၊ အတွေးအမြင်၊ အလုပ် အကိုင်
ထိပ်တန်းနီးပါးရောက်နေကြပါပြီ၊ ဒီလိုအချိန်အခါမှာ ကိုယ်ဆရာ
သမားများကို သတိရ ပူဇော်ကြတဲ့တပည့်တို့ စေတနာကို နားလည်းပြီး
ဂုဏ်ယူ ပါတယ်။ ဘုမိဗေဒမိသားစုစိတ်ဓါတ်နှင့် မြန်မာယဉ်ကျေးမှုအ
စဉ်အလာကို ခံစားရလို့ ကြည်းနူးဝမ်းသာမိတယ်။
တပည့်တိုအားလုံး ဘုန်းကြီးပါစေ၊ သက်ရည်ကြပါစေ၊
ကျန်းမာချမ်းသာပြီး အန္တရယ် ကင်းဘေးရှင်းကြပါစေ။ မိမိတို့ရဲ့
မေတ္တာကိုပေးဝေးနိုင်ပြီး အများရဲ့ မေတ္တာကိုခံယူနိုင်ကြပါစေ။
ကျန်းမာ၊ရင့်ကျက်၊ရည်မှန်းချက်ရှိ ပြည့်ဝ ပေါင်သင်း
စိတ်အေးခြင်းကိုရှာပါ။
ကျန်းမာ။ ကျန်းမာရေးကိုဂရုစိုတ်ပါ။
ကျန်မာအောင်နေပါစားပါ၊လေကျင့်ပါ။
ရင့်ကျက်။ ရင့်ကျက်သော စိတ်ဓါတ်ရှိပါ။ လူကြီးစိတ်မွေးပါ။
နားလည်ပါ။ သီးခံပါ။ အခြေနေအချိန်အခါကို
သိပြီးဆုံးဖြတ်ဆောင်ရွက်ပါ။ မှတ်တာကို လုပ်ပြီး
တတ်နိုင်သမျှမကောင်းတာကိုရှောင်ပါ။
ရည်မှန်းချက်။ ရည်မှန်းချက်ပန်းတိုင်ထားပါ။ သတိရှိပါ။
ရှင်နေပါ။ သေမနေ ပါနှင့်။ အောင်မြင်အောင် ကြိုးစားပါ။
ဆောင်ရွက်ပါ။အခြေအနေ အချိန် အခါကို ကြည့်ပြီးစွန့်ရဲကြပါ။
ပြည့်ဝခြင်း။ အနုပညာ၊ ဂီတ၊ကဗျာ ၊စာပေ၊ သိပ္ပံ
ကိုနားလည်နိုင်အောင် ကြိုးစားပါ။အချိန် အားတိုင်း စာဖတ်ပါ။
လေ့လာပါ။ နည်းလည်ခံစားတတ်ပါ။
ပေါင်းသင်း။ မိတ်ဆွေအပေါင်းအသင်းရှိကြပါ။ ၀န်ဆံပါ။
တစ်ဦးကိုတစ်ဦး ကူညီနိုင်တဲ့အဖွဲ့အစည်းရှိပါ။ ရှာပါ။
ထူထောင်ပါ။ မိသားစု အိမ်သူ အိမ်သား ချင်း၊
မိတ်ဆွေအပေါင်းရဲ့စိတ်ချမ်းမှုကိုပေးပါ။ကူညီပါ။
စိတ်အေးခြင်း။ စိတ်ရဲ့အေးချမ်းမှုကိုရှာပါ။ ကုသိုကောင်းမှု
ဒါနပြုပါ။ ဘာဝ နာရဲ့ အရိပ်ကိုခံယူပြီးပူပင်ကင်းစွာ
နေတတ်ပါ။လို့မှာကြားပြီး တပည့်တို့ အားလုံး `ကိုယ်စိတ်နှစ်ဖြာ
ချမ်းသာကြပါစေ” လို့ဆုတောင်းမေတ္တာပို့ပါတယ်။
|