|
(ဒေါက်တာမောင်သင်း)
ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်၏ အမှာစကား
၁လွန်ခဲ့သော အနှစ် (၂၀)ခန့်က
ဘူမိဗေဒဘာသာရပ်ကို လေ့လာသင်ယူခဲ့ကြ သောကျောင်းသားများကို
အာစရိယပူဇော်ပွဲတွင် ပြန်လည်တွေ့ဆုံရသည့်အတွက် ထိုအချိန်က
စာပေသင်ကြားရင်း ဆရာတပည့်ကြုံတွေ့ဆက်ဆံခဲ့ကြရသော အတိတ်
ဖြစ်ရပ်များကို ပြန်ပြောင်းတွေးမိကာ
ဝမ်းသာကြည်နူးပီတိဖြစ်ရပေသည်။
ထိုအချိန်က အသက်(၂၀)၀န်းကျင်ရှိခဲ့သော တပည့်များသည်
ယခုအချိန်တွင် အသက်(၄၀)၀န်းကျင်တွင် ရောက်ရှိနေပြီဖြစ်၍
အတွေ့အကြုံရင့်ကျက်ပြီး မိမိ တို့၏ဘ၀ကို အောင်မြင်စွာ
ထူထောင်နိုင်သောသူများ ဖြစ်နေပြီဟု ယုံကြည် ပါသည်။
အထူးမှာကြားလိုသည်မှာ တပည့်ကျောင်းသားများကို
ဘူမိဗေဒဘာသာရပ်ကို သင်ကြားပေးရင်းတစက်တည်း
စည်းကမ်းလိုက်နာခြင်း၊ စုပေါင်း ဆောင်ရွက်ခြင်း၊
မိသားစုစိတ်ဓါတ်ဖြင့်ကူးညီခြင်း၊ စည်းလုံးညီညွတ်ခြင်း၊
ချင့်ချိန်နှိုင်းယှဉ်ခြင်းနှင့် အခက်အခဲများကို မလျော့သော
ဇွဲလုံ့လ၀ီရိယဖြင့် ကျော်လွှာ၍ မိမိရည်မှန်းချက် ပန်းတိုင်ကို
ရောက်အောင်ဆောင်ရွက်ခြင်းစသော အရည်အသွေးများ။ ကိုယ်ခံ
အရည်အသွေးများ တိုးတက်အောင် လေ့ကျင့်ပျိုးထောင် ပေးခဲ့ပေသည်။
ထိုအချက်များသည် ဘ၀အတွက် အောင်မြင်ခြင်း၏ အခြေခံ အချက်အလက်များ
ဖြစ်ကြ၍ စွဲမြဲစွာဆက်လက်ကျင့် သုံးကြပြီး
အောင်မြင်သူများဖြစ်အောင် အမြဲ ကြိုးစားကြပါဟု
တိုက်တွန်းလိုက်ပါသည်။
ယခုကဲ့သို့ မိမိတို့ကို ပညာရပ်များသင်ကြားပို့ချပြီး၊
ကိုယ်ရည်ကိုယ်သွေးတိုး မြင့်အောင် ပြုစုပျိုးထောင်ပေးလိုက်သော
ကျေးဇူးရှင်ဆရာ၊ ဆရာမများကို ပူဇော်ကန်တော့ကြသဖြင့်
ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပြီး
လိုအင်ဆန္ဒများပြည့်ဝကြပါစေ ဟုဆုတောင်းလိုက်ပါသည်။
။
|
(ဒေါက်တာတင်သိန်း)
ရန်ကုန်တက္ကသိုလ် ဘူမိဗေဒပါမောက္ခ၏ ဥယျောဇဉ်
တ၁၉၈၀-ခုနှစ်၊ဘူမိဗေဒဘွဲ့ရကျောင်းသားများအနေနဲ့ အာစရိယ
ပူဇော်ပွဲ ပြုလုပ်တာဟာ (၄)ကြိမ်မြောက်ပြီ ဖြစ်ပါတယ်။
ဆရာတို့ရဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများမှာ “ပူဇာစပူဇနေယျာနံ
ဧတံမင်္ဂလံ မုတ္တမံ” လို့ဆိုတဲ့ ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်
မင်္ဂလာ တရားတော် နှင့်ကိုက်ညီ၏ဆိုသော မင်္ဂလာတရားတော်ရှိပါတယ်။
အဲဒီမင်္ဂလာ တရားတော်နှင့်အညီ အာစရိယဂိုဏ်းဝင်ဆရာသခင် များအား
ပူဇော်ကန်တော့ခြင်းဟာ တပည့်တို့ကို စာသင်ခန်းနဲ့
လက်တွေ့ခန်းတွေမှာ သင်ကြား ပြသရုံသာမက ကွင်းဆင်းလေ့လာ
ကြရတဲ့အခါမျိုးလည်း တပည့်များကို ဘေးအန္တရယ် မကျစေရောက်ဘဲ
ကိုယ်ကျမ်းမာ စိတ်ချမ်းသာ ကြစေရန်ကာကွယ်စောင့်ရှောင်ပြီး
အတတ်ပညာ များကို သင်ကြားပြသ ပေးကြရပြန်ပါတယ်။
ဒါကြောင့်လည်းဆရာသမားများရဲ့ ဂုဏ်ကျေးဇူးတွေဟာ ဖော်မပြနိုင်
လောက်အောင် အနန္တ ကြီးမားပါတယ်။
အခုလို အာစရိယပူဇော်ပွဲကို တပည့်များအနေနဲ့
နှစ်စဉ်ကျင်းပပြုလုပ်နိုင်ကြ ပါစေ။
ဆရာ၊ဆရာမများအား ပူဇော်ကန်တော့ရခြင်းကြောင့်
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ အနာမျိုး(၉၆)
ပါးတို့မှ ကင်းဝေးကြပါစေ၊ ရန်သူမျိုး ငါးပါးဘေးရန်မှ
ကင်းဝေးကြပါစေ။ မတော်တဆ ထိခိုက်မှုဖြစ်ခြင်း၊
တပါးသူ၏ပယောဂကြောင့် အသက်ဆုံးရှုံး ရခြင်းစတဲ့
ဥပစ္ဆေဒကကံဘေးများမှ လွတ်မြောက်ကြပါစေလို့ ဆုတောင်း
မေတ္တာပို့သပေးပါတယ် ။ ။
၂၀၀၂-ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်။ (ရန်ကုန်တက္ကသိုလ်) |